တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်၏ တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်၏ တည်ဆောက်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်း အဝေး ပြုလုပ်


MNP ၊ နိုဝင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင်  မြိတ်ခရိုင်၏ တည်ဆောက်ရေးလုပ်ငန်းများ၊   စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခရိုင်/မြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့များ၊ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြိတ်ခရိုင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး၏ ရာသီဥတု အခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းတွေကို ယခုကာလမှ စတင်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တခြားဒေသနဲ့မတူဘဲ အချိန်တိုအတွင်း ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အခက်အခဲများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကူညီဆောင် ရွက်ပေးနိုင်ဖို့အတွက် တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ မြိတ်ခရိုင်အတွင်း တည်ဆောက်ရေးလုပ်ငန်းပေါင်း (၅၄၅)ခု ရှိပြီး သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာ ဌာနများအလိုက် မြို့နယ်အလိုက် ပြီးစီးနိုင်ရေး ကြိုးပမ်းကြရန် ပြောကြားသည်။

ထို့နောက် မြိတ်ခရိုင်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကဏ္ဍအလိုက် တင်ပြခဲ့ကြပြီး ခရိုင်/မြို့နယ် တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်က လုပ်ငန်း လမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် မြိတ်ခရိုင်၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခရိုင်/မြို့နယ်  စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအား  ဆက်လက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ဝန်ကြီးချုပ်က ဒေသဝမ်းစာ ဖူလုံမှုရှိစေရေးအတွက် ခရိုင်/မြို့နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စပါးစိုက်ပျိုးရာတွင် ကြဲခင်းအစား အစေ့ချ အတန်းလိုက် စိုက်နည်းစနစ် ပြောင်းလဲစိုက်ပျိုးကြရန်၊ အထွက်တိုးမျိုးစပါး ပြောင်းလဲစိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးကြီးကြပ် မှုကော်မတီများ၊ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် တာဝန်ရှိသူများ ဝိုင်းဝန်းပေါင်းစပ်ပြီး ဒေသအတွင်း တကယ့်ကို ဆန်ဖူလုံမှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ မိုးစပါး၊ နွေစပါးအပြင် ပဲများ စိုက်ပျိုးကြရန် လိုအပ်ကြောင်း  ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ မြို့နယ်အလိုက် စပါး  စိုက်ပျိုးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြ၍ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီဝင်များက ဖြည့်စွက်တင်ပြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်က လုပ်ငန်းလမ်းညွှန်မှာကြားပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


ခိုင်ထူး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)