MNP ၊ နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိရာ သက်ဆိုင်ရာသိုလှောင်ကန်များသို့ နိုဝင်ဘာလ ၁၄ ရက်တွင် စက်သုံးဆီတင်သင်္ဘော (၃) စီးမှ စက်သုံးဆီများအား ချယူဖြည့်တင်းလျက်ရှိပြီး ထပ်မံ၍ ဆီချယူဖြည့်တင်းရန် ဆိပ်ကမ်း၌စောင့်ဆိုင်းနေသည့် စက်သုံးဆီတင်သင်္ဘော (၂) စီးရှိသည့်အပြင် ထပ်မံဝင်ရောက်လာမည့် စက်သုံးဆီတင်သင်္ဘောများလည်း ရှိကြောင်း သိရှိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၄ ရက်တွင် ဆီတင်ယာဉ် (၁၀၂၃) စီးဖြင့် 92Ron (၉)သိန်းကျော်၊ 95 Ron (၁)သိန်း(၅)သောင်းကျော်၊ ဒီဇယ်ဆီ (၇)သိန်း(၅)သောင်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီ (၆)သိန်းကျော် ဖြည့်တင်းပေးနိုင်သဖြင့် နိုင်ငံတစ်ဝှမ်းရှိ ရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူမှု အခြေအနေမှာ ယခင်ကဲ့သို့ ပုံမှန်အခြေအနေတိုင်းဖြစ်ပါကြောင်းနှင့် အများပြည်သူများအနေဖြင့် လိုအပ်သောစက်သုံးဆီများကို လိုအပ်သလိုဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment