မိုးညိုမြို့နယ်၌ ၂၀၂၃ ခုနှစ် ပြည်သူ့ကျန်းမာရေးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိုးညိုမြို့နယ်၌ ၂၀၂၃ ခုနှစ် ပြည်သူ့ကျန်းမာရေးညီလာခံအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

056

MNP ၊ နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြည်သူ့ဆေးရုံတွင် မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၁၀ နာရီက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၃၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ(အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများအား ကျန်မာရေးစောင့်ရှောက်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်‌ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးကောင်းမွန်စေရေးအတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ‌ဆောင်ရွက်‌ပေးရာတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း(၃၅)ဦးအား ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်‌ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးပေးခြင်းနှင့် လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး ဆေးဝါးနှင့်ကုသခြင်းများကို (အခမဲ့)ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ကိုမင်း

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Pages