ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) ကြည့်ရှုစစ်ဆေး

016

MNP ၊ နိုဝင်ဘာ ၂၇

ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ (၂၅-၁၁-၂၀၂၃)ရက်နေ့က စစ်ကိုင်းမြို့ရှိ ဒီဇယ်စက်ခေါင်း စက်ရုံ(ရွာထောင်)နှင့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည် စစ်ကိုင်းမြို့ရှိ မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) သို့ ရောက်ရှိရာ စက်ရုံခန်းမ၌ တာဝန်ရှိသူများက စက်ရုံ၏ နောက်ခံသမိုင်း၊ စက်ခေါင်းများ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းစဉ် များ၊ နှစ်စဉ်လျာထားချက်နှင့် စွမ်းဆောင်နိုင်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ ကျွမ်းကျင်မှုပိုမိုမြင့်မားလာရေးနှင့် စွမ်းဆောင်မှု စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် လိုအပ်ချက်များကိုမှာကြားပြီး စက်ရုံရှိ စက်မှုသင်တန်းကျောင်း၌ သင်တန်းပို့ချလေ့ကျင့်ပေးမှု နည်းစနစ်၊ သင်တန်းဆိုင်ရာ စာအုပ်စာတမ်းများ၊ သင်ကြား လေ့ကျင့်ရေးတွင် အသုံးပြုနေ သည့် စက်ကိရိယာပစ္စည်းများနှင့် သင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း၌ ဝန်ထမ်းများက စက်ခေါင်းများ အကြီးတန်းမွမ်းမံ ပြင်ဆင်ရေး လုပ်ငန်းစဉ်အတိုင်း အင်ဂျင်ပိုင်းဆိုင်ရာ၊ ကိုယ်ထည်ပိုင်းဆိုင်ရာ၊ လျှပ်စစ်ပိုင်းဆိုင်ရာ၊ ဘီးဘိုဂီဆိုင်ရာ အစိတ်အပိုင်းများကို မွမ်းမံပြင်ဆင်ရေး ဆောင်ရွက်နေသည့် အခြေအနေများနှင့် စက်ခေါင်းအတွက် လိုအပ်သည့် အရန်ပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွာထောင်ရှိ မြန်မာ့မီးရထား၏ (၂၅) ခုတင်ဆံ့ဆေးရုံ၌ ဆေးကုသပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ရွာထောင်ဘူတာကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘူတာယာဒ်ဝင်း သန့်ရှင်းသပ်ရပ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ရွာထောင်ရှိ မြန်မာ့မီးရထား ဘိုးဘွားရိပ်သာသို့သွားရောက်ပြီး အဘိုးအဘွားများ အား အားပေးစကားပြောကြားကာ အလှူငွေများပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ်ရှိ မြန်မာ့မီးရထား၏ လူစီး တွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ စက်ရုံ၏နောက်ခံသမိုင်း၊ လုပ်ငန်းတာဝန်များ၊ လူစီးတွဲနှင့် ကုန်တွဲများ အကြီးတန်းပြင်ဆင်မှုနှင့် လူစီးတွဲနှင့် ကုန်တွဲများ အသစ်တပ်ဆင် တည်ဆောက်နေမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်းလူစီးတွဲနှင့် ကုန်တွဲအသစ်များ တပ်ဆင်ထုတ်လုပ်သည့် နည်းစနစ်နှင့်လုပ်ငန်းစဉ်များ၊ တပ်ဆင်ထုတ်လုပ်ထားပြီးဖြစ်သည့် လူစီးတွဲသစ်များ၊ ကွန်တိန်နာတင် ကုန်တွဲများ၊ လေအိတ်ဘိုဂီများ တည်ဆောက်ထားမှုနှင့် အသုံးပြုလျက်ရှိသည့် လူစီးတွဲနှင့်ကုန်တွဲများ အကြီးတန်းမွမ်းမံပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ငယ်ရှိ မြန်မာ့မီးရထား၏ ခုတင် ၅၀ ဆံ့ ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူနေသော ဝန်ထမ်းမိသားစု လူနာများကို အားပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages