တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် ယာဉ်များသိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် ယာဉ်များသိမ်းဆည်းရမိ



MNP ၊ နိုဝင်ဘာ ၂၆

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော ဆိုင်ကယ်အပိုပစ္စည်းဖြစ်သည့် KENKO Chain & Sprocket ၁၁၀၀၈ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၁၆၂၆၄)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၂၁၆၂၆၄)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက် တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီး (မိုင်တိုင်အမှတ် ၉၆ မိုင် ၇ ဖာလုံ)အနီး၌ မြဝတီမြို့မှ ညောင်လေးပင်မြို့သို့ မောင်းနှင်လာသောယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၅၀၀၀၊ Lactasoy ပဲနို့ဘူး ၄၆၈၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace တစ်စီးနှင့် King Long Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကိုလည်းကောင်း၊  နိုဝင်ဘာ ၂၄ ရက်တွင် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ Camel Motorcycle Tube ၈၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၅၀၀၀၀)ကိုလည်းကောင်း (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၂၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် နိုဝင်ဘာ ၂၄ ရက်တွင် ကရင်ပြည်နယ်တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့ သင်္ဃန်းညီနောင် ရွာသစ်ကျေးရွာအနီး၌ ယာဉ်နှစ်စီး‌ပေါ်မှ Lactasoy ပဲနို့ဘူး ၄၃၂၀၊ ပုစွန်နှစ်ကောင် ဟင်းသီးဟင်းရွက်ဆီ ငါးလီတာပါ ဘူး ၁၅၀၊ Lipovitan-D အားဖြည့် အချိုရည်ပုလင်း ၁၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၉၆၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan Caravn တစ်စီးနှင့် Toyota Hiace တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၂၀၀၀၀၀) (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၁၉၆၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၃ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၃၆၁၂၂၆၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)