ပြည်သူတွေကို သတင်းအဆိပ်ခပ်နေသော လေလှိုင်းပေါ်က လူသတ်သမားများနှင့် ပတ်သက်၍ အောက်တိုဘာလအတွင်း စိစစ်တွေ့ရှိချက်များ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပြည်သူတွေကို သတင်းအဆိပ်ခပ်နေသော လေလှိုင်းပေါ်က လူသတ်သမားများနှင့် ပတ်သက်၍ အောက်တိုဘာလအတွင်း စိစစ်တွေ့ရှိချက်များ

013

014


၂၀၂၃ ခုနှစ် အောက်တိုဘာလမှာတော့ Khit Thit ၊ Mizzima ၊  DVB နှင့် RFA Page စတဲ့ ပြည်တွင်း/ ပြည်ပမီဒီယာ(၆)ခုအပါအဝင် အခြားမီဒီယာများရဲ့ တစ်လအတွင်း တင်ပြထားတဲ့ လုပ်ကြံသတင်းအတု/ သတင်းအမှား/ သတင်းအမှန် အချက် အလက်တွေကို စုစည်းတင်ပြလိုက်ပါတယ်။ ပြည်ပအားကိုး ဒေါ်လာစားမီဒီယာ အမည်ခံအချို့မှ သတင်းအတု၊ သတင်းအမှားများနှင့် ပတ်သက်၍ သတင်းအတုများ လုပ်ကြံရေးသားခြင်းနှင့် ဖြစ်စဉ်ရှိသော်လည်း အမှန်အတိုင်းမရေးသားဘဲ မဟုတ်မမှန် ရေးသားထားခြင်းတို့ကို သတင်းစစ်တမ်းပြုလုပ်ပြီး ဇယားဖြင့် အကျဉ်းချုံးဖော်ပြ ပေးလိုက်ပါတယ်။ 

သတင်း စုစုပေါင်း ၆၄၄ ပုဒ်ရှိပြီး လုပ်ကြံသတင်းအတု ၂၄၀ ပုဒ် (၃၇.၂၇ ရာခိုင်နှုန်း)၊ သတင်းအမှား ၃၆၉ ပုဒ် (၅၇.၃၀ ရာခိုင်နှုန်း)၊ စုစုပေါင်း ၉၄.၅၇ ရာခိုင်နှုန်း ဖြစ်နေတာကို အသေးစိတ်လေ့လာ စိစစ်တွေ့ရှိခဲ့ပါတယ်။ အလွယ်ပြောရရင် ဒီမီဒီယာ တွေတင်တဲ့ သတင်းအပုဒ် ၁၀၀ မှာ အပုဒ် ၉၀ ကျော်က သတင်းအတုနဲ့ သတင်းအမှားတွေဖြစ်နေတယ်ဆိုတာ အဆိုပါပြည်ပအားကိုး ဒေါ်လာစားမီဒီယာ အမည်ခံတွေတင်ပြထားတဲ့ သတင်းအချက်အလက်တွေက မြေပြင်အမှန်နဲ့ကွဲလွဲနေ ကြောင်းကို ဖော်ပြနေပါတယ်။

လူမှုကွန်ယက် (Facebook) မှ တဆင့် ပြည်သူများထံ သတင်းများရေးသားကာ သတင်းအဆိပ်ခပ် ဝါဒဖြန့်နေတဲ့  Khit Thit၊ Mizzima၊ DVB၊ RFA၊ Ayeyarwaddy Times နှင့် မြေလတ်အသံ တို့ဖြစ်သော ပြည်ဖျက်မီဒီယာ (၆) ခုရဲ့ သတင်းတွေကို စိစစ်ခဲ့ခြင်းဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာများရေးသားတဲ့ တိုက်ပွဲဖြစ်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းဆိုတဲ့ သတင်းများနှင့်ပတ်သက်၍ စိစစ်ရာတွင် လုပ်ကြံရေးသားထားသော သတင်းအတုမှာ ၁၈၉ ပုဒ်ရှိပြီး လွဲမှားစွာရေးသားထားတဲ့ သတင်းအမှား ၂၉၀ ပုဒ်ရှိကြောင်း၊ မီးရှို့တယ်ဆိုတဲ့ သတင်းများနှင့်ပတ်သက်၍ စိစစ်ရာတွင် လုပ်ကြံရေးသားထားသော သတင်းအတုမှာ ၂၇ ပုဒ်ရှိပြီး လွဲမှားစွာရေးသားထားတဲ့ သတင်းအမှား ၂၄ ပုဒ်ရှိကြောင်းနှင့်  ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဓါးပြတိုက် လုယက်ခြင်းနှင့် အလင်းဝင်ခြင်း/ ထွက်ပြေးခြင်းဆိုတဲ့ သတင်းများနှင့် ပတ်သက်၍ စိစစ်ရာတွင် လုပ်ကြံရေးသားထားသော သတင်းအတုမှာ ၂၄ ပုဒ်ရှိပြီး လွဲမှားစွာရေးသားထားတဲ့ သတင်းအမှား ၄၅ ပုဒ်ရှိနေကြောင်းတိုကို တွေ့ရှိရပါတယ်။ 

သတင်းအတုများထဲက ဥပမာအနေနဲ့ဖော်ပြရရင် Khit Thit မှ အောက်တိုဘာလ ၅ ရက်နေ့ မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ သုံးဆယ်ပေးရွာတွင် စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့်ဗုံးကျဲပြီးနောက် ဝင်ရောက်ပစ်ခတ်ရာ စစ်တပ်ဘက်မှ  ၂၀ ဦးခန့် သေဆုံးကြောင်း ၆-၁၀-၂၀၂၃ ရက်နေ့ကရေးသားထားကြောင်း၊ မြေလတ်အသံ မှ မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်၊ တွင်းငယ်ရွာအထက်ပိုင်းရွာတွေကို ဝင်ရောက်နေတဲ့ စစ်ကြောင်း ကိုတိုက်ခိုက်ရာ တပတ်အတွင်း စစ်ကောင်စီတပ်သား သေဆုံးဒဏ်ရာရသူများပြားခဲ့တယ်လို TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။ စစ်သားအင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်ကနေ ၂၀ ရက်အထိ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်သား ၄၀ ဦး သေဆုံးပြီး ၂၀ ဦးဒဏ်ရာရခဲ့ တယ်လို့ ၂၅-၁၀-၂၀၂၃ ရက်က ရေးသားထားကြောင်း၊ DVB မှ မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အောက်တိုဘာ ၃ ရက် မနက်က စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၁ ယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို ၄-၁၀-၂၀၂၃ ရက်က ရေးသားထားကြောင်း၊ Ayeyarwaddy Times မှ အောက်တိုဘာ ၁၇ ရက်နေ့ ကလည်း ဘီးလင်းမြိုနယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင်  KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင်  ၁၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၂၇-၁၀-၂၀၂၃ ရက်က ရေးသားထားကြောင်း အဆိုပါ ဖြစ်စဉ်များသည် မြေပြင်တွင်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း စိစစ်သိရှိရပါတယ်။

သတင်းအမှားတွေထဲမှာ Mizzima မှ ညောင်လေးပင်ခရိုင်၊ ပုဇွန်မြောင်းကျေးရွာ တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၂၇ ရက်နေ့မှစတင်၍ အောက်တိုဘာလ ၁ ရက်နေ့ အထိ စစ်ကောင်စီတပ်၊ ပျူစောထီး၊ ရဲ၊ မီးသတ်တပ်ဖွဲ့ အင်အား ၂၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းနှင့် Spring Warriors Column (နွေဦးစစ် သည်တော်များစစ်ကြောင်း)၊ Royal Peacock Column (တော်ဝင် ဒေါင်းစစ်ကြောင်း)၊ PDF တပ်ရင်း (၃၇၀၂) ပူးပေါင်းတပ်ဖွဲ့တိုအကြား တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ ငါးရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်တွင် ၆၅ ဦးသေဆုံး၍ ၃၀ နီးပါး ထိခိုက်ဒဏ်ရာရထားပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်တွင်လည်း ခုနစ်ဦး ထိခိုက်ဒဏ်ရာရထားကြောင်း ၃-၁၀-၂၀၂၃ ရက်နေ့မှာ ရေးသားထားပြီး ဖြစ်စဉ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်၊ KNU/ PDF ၂ လောင်းရရှိခဲ့ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရပါတယ်။ 

Mizzima မှ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်က မြိတ်မြို့နယ် ငရံ့အင်းရွာဟောင်းထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တိုအကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲမှ တဦးကျဆုံးခဲ့ကြောင်း လည်း ၂၅-၁၀-၂၀၂၃ ရက်က ရေးသားထားပြီး ဖြစ်စဉ်တွင် PDF ၁ လောင်း၊ သေနတ် ၂ လက်ရရှိခဲ့ပြီး ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ 

Khit Thit မှလည်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်တွင် တန့်ဆည်မြိုပေါ်ရှိ စစ်ကောင်စီတပ် အခြေစိုက်ထား သော မြိုနယ်လဝကရုံး၊ ပညာရေးမှူးရုံး၊ တရားရုံးနှင့် ရွှေဒေါင်းမင်းဆီဆိုင်နေရာ များကို PDFတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဦး ထက်မနည်းသေဆုံးပြီး လက်နက် ၁၄ လက် သိမ်းဆည်းရမိခဲ့တယ်လို ၂၆-၁၀-၂၀၂၃ ရက် တွင် ရေးသားထားပြီး ဖြစ်စဉ်တွင် ထိခိုက်ဆုံးရှုးမှုမရှိခဲ့ကြောင်း စိစစ်သိရှိရပါတယ်။ 

RFA မှလည်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)ဌာနချုပ် လိုင်ဇာမြိုက မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့တယ်လို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။ သေဆုံးသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ဆယ်ဦးထက်မနည်း ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးအထိရှိနေပြီလို ၁၀-၁၀-၂၀၂၃ ရက်တွင်ရေးသားထားပြီး ဖြစ်စဉ်တွင် လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းမရှိဘဲ ၎င်းတို၏ ဗုံးသီးများသိုလှောင်ရာ ခဲယမ်းတိုက် ပေါက်ကွဲခြင်းသာဖြစ်ကြောင်း စိစစ်သိရှိရပါတယ်။ ပြည်ဖျက်မီဒီယာများက သတင်းတွေကို လွဲမှားစွာရေးသားပြီး လူငယ်များကို အထင်အမြင်လွဲမှားစေပြီး လမ်းမှားရောက်အောင် ဗြောင်လိမ်ဗြောင်စားလိမ်ညာရေးနေကြ တာကိုလည်း တွေ့ရှိရပါတယ်။

ပြည်ဖျက်မီဒီယာများအနေနဲ့ လူမှုကွန်ယက်များပေါ်တွင်သာ PDF တွေ အထိ အခိုက်နည်းကြောင်း၊ အနည်းငယ်သာဒဏ်ရာရကြောင်းရေးသားနေကြပေမယ့် အမှန် တကယ်မြေပြင်အခြေအနေမှာတော့ ၁၀ လပိုင်း(အောက်တိုဘာလ) အတွင်းမှာပင် PDF ၁၃၆ ဦး အသေဖမ်းဆီးရရှိခဲ့ပြီး အရှင်အနေနဲ့ ၂ ဦး ဖမ်းဆီးရရှိခဲ့ကာ အလင်းဝင်ရောက် လာသူအနေဖြင့် ၁၉ ဦးရှိကြောင်း အထောက်အထားများအရ သိရှိရပါတယ်။

PDF များ၏ လူစိတ်မရှိ ငါနဲ့မတူ ငါ့ရန်သူ ဆိုတဲ့ အယူအဆဖြင့် အပြစ်မဲ့ပြည်သူ များအား အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခြင်း၊ ဒလန်ဟု ခေါင်းစဉ်တပ်ကာ ရက်ရက် စက်စက်သတ်ဖြတ်ခြင်းများကို အမှန်အတိုင်းမရေးသားဘဲ လုံခြုံရေးတပ်ဖွဲဝင်များအား အပြစ်ပုံချကာ ဝါဒဖြန့်ရေးသားခြင်းများကိုလည်း စိစစ်တွေ့ရှိရပါသည်။ ပြည်ဖျက် မီဒီယာများမှ တည်ငြိမ်အေးချမ်းမှုကို မလိုလားသောကြောင့် အကြမ်းဖက်သမားများ၏ အဖျက်အမှောက်လုပ်ရပ်များကို တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်ဖြင့် ယနေ့လူငယ်တွေကို လမ်းမှားရောက်ပြီး ဘဝတွေပျက်စီးစေရန် အများပြည်သူများထံ သတင်းများကို လိမ်ညာဝါဒဖြန့်ရေးသားနေခြင်းသာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

ဒါကြောင့် ပြည်ဖျက် မီဒီယာတွေဟာ သူတိုအကျိုးစီးပွားအတွက်သာကြည့်ပြီး နေ့စဉ်လေလှိုင်းပေါ်ကနေ အခြေအမြစ်မရှိသော သတင်းများရေးကာ တပ်နဲ့ပြည်သူကို သွေးခွဲကာ တပ်မတော်အား ပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးလာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် စွပ်စွဲရေးသားကာ ယနေ့လူငယ်တွေကိုလည်း သတင်းအဆိပ်သင့်ပြီး ခံယူချက်လွဲမှား၍ ဘဝပျက်လမ်းမှားရောက်အောင် သူတိုလိုရာဆွဲရေးသားကာ ဝါဒဖြန့်နေခြင်းသာဖြစ် ကြောင်း၊ ၎င်းတိုရဲ့ သတင်းအဆိပ်မိခဲ့တဲ့ အချိုလူငယ်တွေဟာ ခံယူချက်လွဲမှားစွာ လျောက်လှမ်းခဲ့ကြသဖြင့် ဘဝပျက်ကာ လူသူမသိ သေဆုံးနေကြရတာကိုလည်း မိဘ ပြည်သူများအသိပဲဖြစ်ပါတယ်။  

ထိုကြောင့်မိဘပြည်သူများအနေနဲ့ မိမိတိုရဲ့ မိသားစုဝင်တွေနဲ့ မိမိဆွေမျိုး၊ အပေါင်းအသင်းတွေကို ပြည်ဖျက်မီဒီယာများရဲ့ သတင်းတွေကို အလွယ်မယုံကြဖိုနဲ့ သတင်းအဆိပ်မမိဖိုလည်း အရေးကြီးကြောင်း အကြံပြုတင်ပြ လိုက်ရပါတယ်။ ပြည်ဖျက်မီဒီယာများရဲ့ အောက်တိုဘာလအတွင်း ရေးသားထားတဲ့ သတင်းများကိုစိစစ်၍ ကိန်းဂဏန်း အချက်အလက်များဖြင့် ဖော်ပြပေး လိုက်ပါတယ်။


#FACTCHECK

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages