MNP ၊ နိုဝင်ဘာ ၁၆
ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုများအား ဆန့်ကျင်ကန့်ကွက် ရှုတ်ချပွဲနှင့် ကျင်းပခဲ့သည်။
မြန်မာ့အမျိုးသားရေးကွန်ရက်မှ ဒုဥက္ကဋ္ဌ ဦးစည်သူမြင့် ဦးဆောင်သော အမျိုးသားရေးလူငယ်များသည် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် စုဝေးပြီး ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သူ - ဒို့ရန်သူ၊ အမိမြေကို ကာကွယ်ကြ - ပြည်ဖျက်မိစ္ဆာများကို ဆန့်ကျင်ကြ ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့ပေးနေသော ပြည်ပနိုင်ငံများ၏ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း၊ မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ နောက်မှ ကူညီပံ့ပိုးနေသော ပြည်ပနိုင်ငံများအား ဆန့်ကျင် ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုသွားခဲ့ပြီး ပြည်တွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် အကြမ်းဖက်အဖွဲ့များကို ပံ့ပိုးနေသော ပြည်ပနိုင်ငံများကို ပြည်သူများက အမျိုးသားရေးအမြင်ဖြင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြရန်လည်း တိုက်တွန်း ပြောဆိုသွားခဲ့သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment