MNP ၊ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် နိုဝင်ဘာလ ၄ ရက်၊ မွန်းလွှဲ ၁ နာရီအချိန်က တောင်ကလေးကျေးရွာအုပ်စု၊ မြောက်ပန်းကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျေးရွာနေ ပြည်သူ(၁၈၅)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်ဇော်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးလှဝင်းနှင့် ဌာနဆိုင်ရာများကတွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ လုံခြုံရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေးကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်း ဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ ထော်လာဂျီနှင့်လယ်ယာသုံးယာဉ်များ မှတ်ပုံတင်ပြုလုပ်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကွယ်ရေး ဆောင်ရွက်ရန်၊ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးဆောင်ရွက်ရန်၊အယ်လ်နီညို ဖြစ်စဉ်ကြောင့် ရေပြတ်လပ်မှုရှိနိုင်သဖြင့် သောက်သုံးရေစုဆောင်းရန်၊ ရေလှောင်ကန်များ ပြုပြင်ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက် ချောင်း၊ မြောင်း၊ ရေကန်များ ချောင်းမြောင်း ပိတ်ဆို့မနေရေးဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)အား ၂၀၂၄ ခုနှစ်တွင် ဧကပြည့်စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများမရှိရေး သီးထပ်စိုက်ပျိုးရန်၊ ဆောင်းနေကြာ လျာထားဧကပြည့်မီစွာ စိုက်ပျိုးရေးဆောင်ရွက်ရန်၊ ငါးသယံဇာတထိန်းသိမ်းရေး၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး၊ တစ်နိုင်တစ်ပိုင် ကြက်/ဘဲ/ဝက်မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
တာဝန်ရှိသူများ၏ ရှင်းလင်းဆွေးနွေးမှုအပေါ် ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း)
https://t.me/MyanmarNationalPost
No comments:
Post a Comment