ဖမ်းဆီးရမိ နီပိန်း ပဒက် အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖမ်းဆီးရမိ နီပိန်း ပဒက် အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်တရားရုံးတွင် ယမန်နေ့က အကြမ်းဖက်လှုံ့ဆော်သူ တရားခံ ၂ ဦး အား ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် ရွာသစ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်တွင် အကြမ်းဖက်အဖွဲ့၏ လုပ်ဆောင်ချက်များကို အားပေးထောက်ခံသည့် သီချင်းများ၊ ရုပ်သံများ ဖော်ပြခဲ့ခင်းများ ကျူးလွန်ခဲ့သူ တရားခံ သန်းလှိုင်ဦး အား   ရာဇသတ်ကြီးပုဒ်မ၅၀၅-ကအရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်၊ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဒလန်စွပ်စွဲသတ်ဖြတ်ရန် အကြမ်းဖက်သမားများထံ အပြစ်မဲ့ပြည်သူများ၏ အမည်စာရင်းများပေးပို့သူ တရားခံ ညီညီလွင်(ခ) ကိုညီအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ် ၄ နှစ်  ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


အလားတူ ယမန်နေ့က မုံရွာမြို့နယ်တရားရုံးမှ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်တွင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ ပါဝင်လာစေရန် တိုက်တွန်းခြင်း၊ အားပေးထောက်ခံခြင်း၊ အကြမ်းဖက်သမားရှိကြောင်းသိလျက်နှင့် သက်ဆိုင်ရာသို့ သတင်းပိုရန် ပျက်ကွက်မှုသူ တရားခံ နီနီဝင်း အား   ရာဇသတ်ကြီး ပုဒ်မ၅၀၅-ကအရ အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်  ကျခံစေရန် အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာအကျဉ်းထောင်သီးသန့်တရားရုံးမှ တရားခံ ၂ ဦး အား ယမန်နေ့က ပြစ်ဒဏ်များ ချမှတ်ရာတွင် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သမားနှင့် ဆက်သွယ်ခြင်း၊ အကြမ်းဖက်အုပ်စုမှန်းသိလျက်နှင့် သက်ဆိုင်ရာသို့ သတင်းပိုရန် ပျက်ကွက်ခြင်း၊ လူမှုကွန်ရက်တွင် အကြမ်းဖက်အားပေး မီဒီယာများ၏ Postများအား ထပ်ဆင့်မျှဝေခြင်းများ ကျူးလွန်ခဲ့သူ တရားခံ သိန်းဌေး အား  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်၊ မုံရွာမြို့ သလ္လာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက်ခြင်း၊ ဒလန်စွပ်စွဲသတ်ဖြတ်ရန် အကြမ်းဖက်သမားများထံ ဓာတ်ပုံများပေးပိုခြင်း၊ အကြမ်းဖက်သမားနှင့် ဆက်သွယ်ခြင်း၊ အကြမ်းဖက်အုပ်စုမှန်းသိလျက်နှင့် သက်ဆိုင်ရာသို့ သတင်းပို့ရန် ပျက်ကွက်ခြင်း၊ လူမှုကွန်ရက်တွင် အကြမ်းဖက်အားပေး မီဒီယာများ၏ Post တင်ခြင်း၊ ထပ်ဆင့်မျှဝေခြင်း၊ ကျည်ဆံဖိုးအလှူခံသည့် Post တင်ခြင်းများ ကျူးလွန်သူ တရားခံ သိင်္ဂီထွန်း အား  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် ၄ နှစ်  ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)