ဝင်းပကျေးရွာ မဟာဗောဓိစေတီတော်မြတ်ကြီး၏ ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ဝင်းပကျေးရွာ မဟာဗောဓိစေတီတော်မြတ်ကြီး၏ ဆွမ်းကြီးလောင်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

04

05

06


MNP ၊  နိုဝင်ဘာ       ၂၀


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းပကျေးရွာ၊ ဇောတိကာရုံပရိယတ္တိစာသင်တိုက်ကြီးအတွင်း တည်ထားကိုးကွယ်သည့် မဟာ‌ဗောဓိစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် သံဃာတော်နှင့် သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ ဆက်ကပ်လောင်းလှူခြင်းကို ယနေ့၊ နံနက်က စေတီတော်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နံနက် အရုဏ်တက်ချိန်မှစတင်ကာ သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ကြွရောက်တော်မူလာကြသည့် သံဃာတော်များအား ဆွမ်းကြီးလောင်းပွဲတော်ဖြစ်မြောက်ရေးဦးဆောင်အဖွဲ့မှ ဆွမ်းဆက်ကပ်ကြပြီးနောက် ဝင်း‌ပကျေးရွာနှင့်အနီးဝန်းကျင်ကျေးရွာတို့မှ ပြည်သူအပေါင်းတို့က သံဃာတော်နှင့် သီလရှင် (၁၀၀၀)ကျော်တို့အား ဆွမ်းဆန်စိမ်းနှင့် အခြားလှူဖွယ်များကို စီတန်းလောင်းလှူခြင်း၊ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့၌ ကျင်းပပြုလုပ်မြဲဖြစ်ပြီး နံနက်ပိုင်းတွင် စုပေါင်းဆွမ်းကြီးလောင်းလှူခြင်း၊ မွန်းလွဲပိုင်းတွင် စေတီတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းတော်များ ဆက်ကပ်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပွဲတော်ကျင်းပမှုအား သုံးနှစ်ခန့်ရပ်နားထားခဲ့ရာ ယခုနှစ်မှပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages