MNP ၊ နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား တန့်ယန်း-ပန်ဆန်း မော်တော်ကားလမ်း မြို့ဝင်မုခ်ဦး၌ နွေးထွေးစွာကြိုဆို၍ “ဝ” စာပေနှင့် ယဉ်ကျေးမှုခန်းမ ယာယီစခန်း၌ စနစ်တကျ နေရာချထားပေးပြီး နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများက ယာယီစခန်းများတွင် စနစ်တကျ နေရာချထားပေးပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေးများကို စီစဉ်ဆောင်ရွက် ပေးကာ နေရပ်ဒေသ အသီးသီးသို့ ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment