တာမွေမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ






MNP ၊    နိုဝင်ဘာ   ၂၂

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးခြင်း အစီအစဉ်ကို မြို့နယ်မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်း အချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးအစီအစဉ်၌ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းက အဖွင့် အမှာစကား ပြောကြားရာတွင် “ ဒီနေ့ကမ္ဘာမှာ မီးဘေးအန္တရာယ်အပြင် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ဖြစ်ပွားလျက်ရှိနေပါ ကြောင်း၊ အဲဒီလို ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ မကြောက်မရွံ့နဲ့ ရဲရဲရင့်ရင့် ရင်ဆိုင်နိုင်အောင် မီးသတ်ဦးစီးဌာနက အခုအသိပညာပေးအစီအစဉ်မှာ လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါကြောင်း၊ ကလေးသူငယ်တွေအနေနဲ့ ဘေးအန္တရာယ် တစ်ခုခု နဲ့ ကြုံတွေ့လာရင် မိမိကိုယ်ကို ထိခိုက်မှု လျော့နည်းအောင် ကာကွယ်နိုင်ဖို့နဲ့ မိမိပတ်ဝန်းကျင်မှာ ထိခိုက်ဒဏ်ရာရရှိမှုတွေ လျော့နည်းအောင် ဆောင်ရွက်နိုင်ဖို့ ဒီနေ့သင်ကြားလေ့ကျင့်ပေးလိုက်တဲ့ သင်ခန်းစာတွေကို သားငယ်၊ သမီးငယ်တွေအနေနဲ့ သေချာစွာ လေ့လာမှတ်သားပြီး မြေပြင်မှာ လက်တွေ့အသုံးချနိုင်ဖို့ လိုအပ်ပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညီညီက ကလေးသူငယ်များအတွက် သဘာဝဘေး အန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး(Kaeru Caravan)အစီအစဉ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုနည်းကို သရုပ်ပြ ရှင်းလင်းခြင်းနှင့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) အစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ယင်း အသိပညာပေးခြင်း အခမ်းအနားသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ မြို့နယ်အတွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထား သော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြ‌ကြောင်းနှင့်  မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မီးဘေး အန္တရာယ် အပါအဝင် အခြားသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ကြုံတွေ့လာရသည့်အခါ ၎င်းတို့ကိုယ်တိုင်နှင့် ၎င်းတို့ ပတ်ဝန်းကျင်ရှိ နေထိုင်သူတွေကိုပါ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက်ဆုံးရှုံးမှု လျော့နည်းအောင် မိမိအိမ်မှာ အလွယ်တကူရှိနိုင်တဲ့ ပစ္စည်းများဖြင့် ရှေးဦးကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိရှိစေရန် ဂိမ်းကစားနည်း ပုံစံဖြင့် အသိ ပညာပေးခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)