လားရှိုးမြို့တွင် ယာယီတိုက်ပွဲရှောင်ပြည်သူ ၂၀၀၀ကျော်အတွက် စေတနာရှင် အလှူရှင်များက လိုအပ်သည်များ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

လားရှိုးမြို့တွင် ယာယီတိုက်ပွဲရှောင်ပြည်သူ ၂၀၀၀ကျော်အတွက် စေတနာရှင် အလှူရှင်များက လိုအပ်သည်များ ထောက်ပံ့လှူဒါန်း

025

027

036


MNP ၊ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲဖြစ်စဉ်များ ကြောင့် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီတိမ်းရှောင်နေကြရသော တိုက်ပွဲရှောင်သူများအတွက် ဒေသခံပြည်သူများက စားသောက်ဖွယ်ရာများနှင့် အဝတ်အထည်များကို စေတနာရှင်အလှူရှင်များက နိုဝင်ဘာလ ၆ ရက်နေ့တွင်လည်း ဆက်လက်လှူဒါန်းလျက်ရှိကြကြောင်း သိရသည်။

တိုက်ပွဲရှောင်သူများအတွက် စေတနာရှင်၊ အလှူရှင်များက ဆန်၊ ဆီနှင့် အလှူငွေများ၊ အစားအသောက်ပစ္စည်းများ၊ အဝတ်အထည်ပစ္စည်းများကို လှူဒါန်းကြကြောင်း သိရသည်။

အချို့သော အလှူရှင်များက တိုက်ပွဲရှောင်သူများအတွက် ထမင်းနှင့် ဟင်းများနှင့် မုန့်များကို ချက်ပြုတ်ကာ လာရောက်ဝေငှလှူဒါန်းကြသည်ကိုလည်းတွေ့ရသည်။

“ လားရှိုးမြို့ပေါ်မှာရှိတဲ့ စေတနာရှင် အလှူရှင်တွေက ယာယီတိုက်ပွဲရှောင်တွေအတွက် ထမင်းဘူး တွေ၊ မုန့်တွေ၊ အချိုရည်နဲ့ရေသန့်တွေကို လာလှူကြပါတယ်။ တခြားနယ်တွေဘက်ကလည်း လာရောက်လှူဒါန်းတာတွေလည်း ရှိပါတယ်။”ဟု မန်ဆူတိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယခင်ရက်ပိုင်းများတွင် တိုက်ပွဲရှောင်သူဦးရေ သုံးထောင်ဝန်းကျင်ခန့်ထိရှိခဲ့သော်လည်း ယနေ့တွင် နှစ်ထောင်ခန့်သာကျန်ရှိတော့ကြောင်း သိရသည်။ 


စိုင်းထွန်း(လားရှိုး)

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Pages