ပျော်ဘွယ်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား အကြမ်းဖက်သမားများက သေနတ်ဖြင့် အကြောင်းမဲ့ လုပ်ကြံပစ်ခတ်သတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျော်ဘွယ်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့၌ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား အကြမ်းဖက်သမားများက သေနတ်ဖြင့် အကြောင်းမဲ့ လုပ်ကြံပစ်ခတ်သတ်ဖြတ်



MNP ၊ နိုဝင်ဘာ ၂၄

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရား လွှမ်းမိုးစေရန်လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ”ဟူသည့် တစ်ဖက်သတ် အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လက်နက်ကိုင် အကြမ်းဖက်သမားများက ဓား၊ သေနတ် များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိပါသည်။


ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၅၅ မိနစ်တွင် မန္တလေး တိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ငွေပုလဲကျေးရွာအနီး ရန်ကုန်-မန္တလေးကားလမ်းမကြီး မိုင်တိုင် အမှတ် ၂၉၆ မိုင် ၁ ဖာလုံအနီး၌ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ လမ်းဘေး၌ ပျော်ဘွယ်မြို့နယ်၊ ယင်းတော်ကျေးရွာနေ ဦးညီညီ(၃၃)နှစ်အား ဝဲတင်ပါးမှကျည်ဖောက်ဝင်ပြီး ဝဲပေါင်ကျည် ဖောက်ထွက် ဒဏ်ရာတစ်ချက်ရရှိထားသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် ရန်ကုန်-မန္တလေး ကားလမ်းဘေး၌ ပလပ်စတစ်ဘူးခွံများ လိုက်လံကောက်ယူနေစဉ် PDF အမည်ခံအကြမ်းဖက် သမားနှစ်ဦး(စိစစ်ဆဲ)က ကျီနီကျေးရွာအနီး၌ မိုင်းထောင်နေသည်ကို တွေ့ရှိခဲ့ပြီးနောက် အဆိုပါ အကြမ်းဖက်သမားနှစ်ဦးက ၎င်းအားလိုက်လံချောင်းမြောင်းကာ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေး ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကျီနီကျေးရွာ အနီး ရန်ကုန်-မန္တလေးကားလမ်းကြီး မိုင်တိုင်အမှတ် ၂၉၂ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား၌ ဝိုင်ယာကြိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


အလားတူ မွန်းလွဲ ၁ နာရီတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျည်‌ ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်နေ ဦးမိုးမင်းဇော်(ခ) စစ်ကိုင်း (၃၅)နှစ်နှင့် အမျိုးသားတစ်ဦး(စိစစ်ဆဲ)တို့အား ရင်ဘတ်နှင့် လက်တို့၌ ကျည်ထိမှန်ဒဏ်ရာ များ ရရှိကာ သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့နှစ်ဦးအား နံနက် ၁၁ နာရီခန့်တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်၏ အရှေ့ဘက်ရှိတောင်ပေါ်၌ KIA လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)