(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်းကြာ-လှိုင်ဝါးကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်းကြာ-လှိုင်ဝါးကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်

025

MNP ၊ နိုဝင်ဘာ ၃

(၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ၁၁၁ ဒဿမ ၁၇၅ သန်းဖြင့် ဝေပုံမြကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သော ဘားအံမြို့နယ်၊ လှာကဒေါင် ကျေးရွာအုပ်စု၊ နိုင်းကြာ-လှိုင်ဝါးကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရှိစေရန်အတွက် နှစ်စဉ်နှစ်တိုင်း အဆင့်ဆင့် အကဲဖြတ် သုံးသပ်ကာ ပိုမိုထိရောက်ကောင်းမွန်သော နည်းလမ်းများ ဖော်ထုတ်ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှာကြား ချက်များအရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မူဝါဒ(၇)ရပ်အပေါ် အခြေခံ၍ လက်တွေ့ဆောင်ရွက်ရန် လုပ်ငန်းစဉ်(၉)ရပ် ချမှတ်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို ဆောင်ရွက်ပေးခြင်းသည် ကျေးရွာများ၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များကို နိုင်ငံတော် အစိုးရနှင့် တာဝန်ရှိပုဂ္ဂိုလ် အသီးသီးက အစဉ်ဂရုပြုပြီး ဆောင်ရွက်ပေးခြင်းဖြစ်သကဲ့သို့ ဒေသခံပြည်သူများကလည်း မိမိတို့ရရှိခံစားကြရသည့် အသီးအပွင့်များကို မပျက်စီးရအောင် ရေရှည် အကျိုးခံစားကြရစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ကွန်ကရစ်လမ်းသစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လှာကဒေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ညွန်ကြားရေးမှူးက လမ်းဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ လက်ရောက်ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက အရှည်(၅)ဖာလုံ၊ အကျယ်(၁၂)ပေ၊ အမာခံ(၉)လက်မထုပေါ်တွင် ကွန်ကရစ်ထု(၆)လက်မရှိသော နိုင်းကြာ-လှိုင်ဝါး ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမဆောင် လွှဲပြောင်းအပ်နှံသည့် အခမ်းအနားကို နံနက် ၉ နာရီခွဲက အဆိုပါခန်းမဆောင်၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို မိဘများ၊ ကျောင်းသားဟောင်းများမှဦးဆောင်ပြီး (၁၁၉ x ၄၅)ပေ ရှိ ရွှေရတုခန်းမဆောင်ကို တည်ဆောက်ပေးခြင်းအတွက် များစွာ ဝမ်းသာဂုဏ်ယူရပါကြောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၁၄၀ ဦးရှိပြီး လက်ရှိစာသင်ဆောင်(၅)ဆောင်မှ စာသင်ခန်း (၃၈)ခန်းတွင် သင်ယူမှု လုံလောက်သော်လည်း ယခုကဲ့သို့ ခန်းမဆောင်သီးခြားတည်ဆောက်နိုင်ခဲ့သည့်အတွက် အခမ်း အနားများ၊ ပြပွဲပြိုင်ပွဲများအတွက် စာသင်ခန်းသီးခြား အသုံးပြုခြင်းမရှိတော့သည့်အတွက် သင်ကြားမှုကို များစွာအထောက်အကူဖြစ်စေပါကြောင်း၊ ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်သည့်အတွက် ပညာရေးဌာနအနေဖြင့်လည်းကောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများအနေဖြင့်လည်းကောင်း ခန်းမဆောင် ရေရှည်သန့်ရှင်း ခိုင်ခံ့နေစေရန် များစွာ တာဝန်ရှိသကဲ့သို့ ကြိုးစားထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူး ဦးစံသိန်းကျော်က ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌက ရွှေရတုခန်းမဆောင် လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌက ပြည်နယ်ပညာရေးမှူးထံ ခန်းမဆောင်နှင့် ပတ်သက်သည့် မှတ်တမ်းများကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့် မိသားစုက ရွှေရတုခန်းမဆောင်အတွက် အလှူငွေ(၁၀)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းပြီး ခန်းမဆောင်လွှဲပြောင်းပေးအပ်ခြင်း အထိမ်းအမှတ်အလံငယ်များ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ခန်းမဆောင်ဖြစ်မြောက်ရေးကော်မတီဝင်များက အလှူငွေ(၅)သိန်းကျပ်နှင့်အထက် လှူဒါန်းခဲ့သော စေတနာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမဆောင်လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


စောမျိုးမင်းသိန်း     

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages