ပြည်ရွှေဆံတော်ဘုရားပွဲ၌ မြို့ပေါ်ရပ်ကွက် ဖျော်ဖြေရေးယာဉ်ယိမ်းအဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့်စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ရွှေဆံတော်ဘုရားပွဲ၌ မြို့ပေါ်ရပ်ကွက် ဖျော်ဖြေရေးယာဉ်ယိမ်းအဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့်စည်ကား







MNP ၊ နိုဝင်ဘာ ၂၂

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၂) နှစ်ပြည့်ပွဲတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နိုဝင်ဘာ ၂၀ ရက်က စတင်ကျင်းပလျက်ရှိရာ ဒေသတွင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိပြီး  မြို့ပေါ်ရပ်ကွက်ကြီး (၁၀) ခုမှ တေးဂီတနှင့် ရိုးရာအကအလှဖျော်ဖြေရေးယာဉ်ယိမ်းအဖွဲ့များ၏ မြို့တွင်းလမ်းမများတစ်လျှောက် လှည့်လည်ဖျော်ဖြေမှုများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

ဗုဒ္ဓပူဇနိယပွဲတော်တွင် ပွဲဈေးတန်းများ၊ ဇာတ်သဘင်ပွဲ၊ ရိုးရာခြင်းအလှခတ်ပွဲ၊ တေးဂီတနှင့် အခြားပျော်ပွဲရွှင်ပွဲ ဖျော်ဖြေရေးအစီအစဉ်များပါဝင်ပြီး ဒေသတွင်းနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် ပွဲတော်လာ‌သူများအား စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ပြုပါဝင်ဆင်နွှဲနိုင်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကြက်‌‌ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရပ်ဖက်ပရဟိတ လူမှုအဖွဲ့အစည်းများက ကဏ္ဍအလိုက်ကူညီစောင့်ရှောက်မှုများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကိုဆက်

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)