ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့အတွင်းသို့ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိ


MNP ၊ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့   အကြမ်းဖက်သမားများက နိုဝင်ဘာ လ ၂၀ ရက် ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အကြမ်းဖက်သမားများက နိုဝင်ဘာလ ၂၀ ရက် ည ၁၀ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်ပေးနေသည့် တပ်ဖွဲ့ဝင်များအား ကော့ကရိတ် မြို့၏ အရှေ့ဘက်မီတာ ၁၄၀၀ ခန့်အကွာရှိ ဆင်ကုန်းကျေးရွာသင်္ချိုင်းကုန်းဘက်မှနေ၍ လက်နက်ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ကျည်များသည် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးထွန်းရင် ၏ နေအိမ်ပေါ်သို့  ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အပြစ်မဲ့အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ချေမှုန်းနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)