MNP ၊ နိုဝင်ဘာဘာ ၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော (၁၀၉) ကြိမ်မြောက် ဆွမ်း၊ ဆွမ်းဟင်းနှင့် ဘောဇဉ်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက ဘန်းယဉ်ကျေးရွာအုပ်စုအတွင်းရှိ သာသနဝိသုဒ္ဓိ စာသင်တိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
(၁၀၉) ကြိမ်မြောက် ဆွမ်းလောင်းလှူပွဲကို ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ကျေးရွာ၊ ဥယာဉ်ရပ်ကွက်ရှိ သာသနဝိသုဒ္ဓိစာသင်တိုက်ဆရာတော် ဥူးပညာသာမိက ဦးစီး၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၅၂) ကျောင်းမှ ပင့်သံဃာတော် (၃၃၆) ပါးတို့အား ခမရ (၄၂၅) ခမရ (၄၂၆) နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဘန်းယဉ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးဝန်ထမ်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများအပါအဝင် ရပ်ဝေးရပ်နီးမှ စေတနာရှင်၊ အလှူရှင်များက ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)
https://t.me/MyanmarNationalPost
No comments:
Post a Comment