ကျိုင်းတုံမြို့၌ (၅၁) ကြိမ်မြောက် ဌာနပေါင်းစုံ မဟာဘုံကထိန်ပဒေသာပင် စီတန်းလှည့်လည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ (၅၁) ကြိမ်မြောက် ဌာနပေါင်းစုံ မဟာဘုံကထိန်ပဒေသာပင် စီတန်းလှည့်လည်




MNP ၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၅၁) ကြိမ်မြောက် ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူအလှူရှင်များ ပါဝင်သည့် စုပေါင်းမဟာဘုံကထိန်ပဒေသာပင်များ မြို့အတွင်း စီတန်းလှည့်လည်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

ထိုသို့ (၅၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် ၁၀၀ ကျော်အား ကျိုင်းတုံမြို့ သာသနာ့ဗိမာန်တော်ကြီး‌ရှေ့စုရပ်မှ မော်တော်ယာဉ်များဖြင့် မြို့အတွင်း လှည့်လည်ပူဇော်ခံကြသည်။ အဆိုပါပဒေသာပင်များအား မြို့နယ်အတွင်းရှိ ဘုန်း‌တော်ကြီးကျောင်းတိုက်များသို့ မဲချလှူဒါန်းပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ဇင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)