၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ




MNP ၊ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီးအတွင်း ကဏ္ဍပေါင်းစုံ ဘက်စုံဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၂၃ ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးခရိုင်အားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာအားကစားနည်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ ဘင်ခရာတပ်ဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘင်ခရာ၊ ပန်းပွား အဖွဲများက ကွင်းအတွင်းနေရာယူ၍ အားကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး အားကစားအဆင့်အတန်း မြင့်မားလာရေးအတွက် ကျောင်းသားအားကစားပြိုင်ပွဲကြီးဟာ အဓိကကဏ္ဍမှာ ပါဝင်လျက်ရှိကြောင်း၊ ကျောင်းသားအားကစားပွဲတော်ကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်တိုးတက်မြင့်မားရေး၊ ကျောင်းတွင်းအားကစားပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ကိုယ်စားပြုအားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားစိတ်ဓာတ်ကို အရင်းခံ၍ ချစ်ခင်ရင်းနှီးမှု၊ ဇွဲလုံ့လရှိမှု၊ သည်းခံမှု၊ စိတ်ဓာတ် ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု စသည့် ကောင်းမြတ်သော အလေ့အကျင့်များ အရည်အသွေးကောင်းများ ရရှိလာ စေရေး၊ မကွေးတိုင်း ဂုဏ်ဆောင်သော အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် ကျင်းပ ပေးခြင်းဖြစ်တာကြောင့် အားလုံးကဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ယခုကျင်းပမယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်မှ ထူးချွန်တဲ့ အားကစားသမားများကို အားကစားနည်းအလိုက် ရွေးချယ်လေ့ကျင့်ပြီး အာဆီယံကျောင်းသား အားကစားပွဲတော် ASEAN SCHOOL GAMES ကိုဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါကြောင်း၊ ဒါကြောင့် အားကစားမောင်မယ်များအနေနဲ့ မိမိတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်တဲ့ အားကစားသမားများဖြစ်အောင် ကြိုးစားလေ့ကျင့်ပြိုင်ပွဲဝင်ကြဖို့၊ တိုင်းဒေသကြီးလက်ရွေးစင်အဆင့်မှ နိုင်ငံ့လက်ရွေးစင် အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ အခြေခံပညာ ကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးနိုင်ခဲ့တဲ့ အခြေအနေကို ပြန်လည် ပြောပြ ရရင် ၁၉၉၀ ခုနှစ်တွင် ပုသိမ်မြို့၌လည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် ရန်ကုန်မြို့၌လည်းကောင်း၊ ၁၉၉၂ ခုနှစ်တွင် တောင်ကြီးမြို့၌လည်းကောင်း၊ ၁၉၉၃ခုနှစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌လည်းကောင်း၊ ၁၉၉၆ခုနှစ်တွင် တနင်္သာရီတိုင်း ထားဝယ်မြို့၌ လည်းကောင်း၊ ကျင်းပ ပြုလုပ်ပေးခဲ့ပြီး ၁၉၉၇-၁၉၉၈ ပညာသင်နှစ်တွင် ချင်းပြည်နယ် ဟားခါးမြို့မှာ ကျင်းပခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမှာ အားကစားနည်း(၄)မျိုးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွေမှာ ကိုဗစ်-၁၉ရောဂါကြောင့် ကျောင်းသားအားကစားပွဲတော်ကို ခေတ္တရပ်နားထားခဲ့ရပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ အားကစားနည်း(၄)မျိုးဖြင့် နေပြည်တော်မှာ ကျောင်းသားအားကစားပွဲတော်ကိုအောင်မြင်စွာ ပြန်လည်ကျင်းပနိုင်ခဲ့ကြောင်း၊  ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဘောလုံး ၊ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် အားကစားနည်း(၇)မျိုးကို (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများအဖြစ် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစား ကွင်းမှာ(၄-၁၂-၂၀၂၃)ရက်နေ့မှ(၁၅-၁၂-၂၀၂၃)ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊ အခုလို အခြေခံပညာကျောင်းသားအားကစား ပွဲတော် ကျင်းပပြုလုပ်ပေးနိုင်ခြင်းကို ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း၊ ကျောင်းသား ကျောင်းသူ၊ လူငယ်အရွယ်တွင် ကျောင်းနေပျော်၍ စာတော်စေရန် စာပေ၊ ဂီတ၊ အခြေခံပညာကျောင်းတိုင်းတွင် အားကစားပြိုင်ပွဲများ အဆင့်ဆင့်ကျင်းပခွင့်ရရှိပြီး ကျောင်းသား၊ ကျောင်းသူများပါဝင် လှုပ်ရှားနိုင်ကာ ရွက်ပုန်းသီး အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း ကျောင်းသားအားကစား ပွဲများကို ပြုလုပ်ပေးနိုင်သည်နှင့် အမျှ ပေါ်ထွက်လာနိုင်ခြင်း၊ အားကစားနည်းများကို ပါဝင်ကစားရင်း သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း ဥပဒေများကို လိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်ပြီး၊ ကျန်းမာကြံ့ခိုင်ကာ အများနှင့် စုပေါင်း ဆောင်ရွက်တတ်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါကြောင်း၊ ကျောင်းသားအားကစားပြိုင်ပွဲကြီးကို တာဝန်ယူဆောင်ရွက်ပေးကြတဲ့ ကျင်းပ ရေး ဆပ်ကော်မတီ အသီးသီးမှ ကာယဆရာ၊ ဆရာမများအနေနဲ့လည်း အရည်အချင်းပြည့်ဝပြီး စစ်မှန် ထူးချွန်တဲ့ အားကစားသမားများကို စနစ်တကျရွေးချယ်ကြဖို မှာကြားလိုပါကြောင်း၊ အားကစား ပြိုင်ပွဲများအတွက် အောင်မြင်မှုရရှိခြင်းဟာ နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု ဂုဏ်သိက္ခာနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တိုကို ဖော်ဆောင်နိုင်ခြင်းဖြစ်သည့်အတွက် ယနေ့အခမ်းအနားမှာ ပါဝင်ကြသော အားကစားသမားမောင်မယ်များအနေနှင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ဖော်ဆောင်မြှင့်တင်နိုင်ရန် အားကစားသမား လက်ရွေးစင်များ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းပြောကြားကာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေး ခဲ့သည်။

ထိုနောက် အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အမှတ်(၁)၊ (၂)၊(၃)၊(၄) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူလေးများက Physical Fitness Dance အကနှင့် စကုမြို့ No-(1)ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲနှင့် ပန်းပွားအဖွဲ ကျောင်သူလေးများက သရုပ်ပြ တင်ဆက်ခဲ့ကြပြီး၊  ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ မကွေးတိုင်းဒေသကြီး အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် အုပ်စု(၂)နှင့် အုပ်စု(၃) ဘောလုံးအသင်းတို၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)