ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများ အတွက် ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လားရှိုးမြို့တွင် ရောက်ရှိခိုလှုံနေရသည့် ယာယီနေရပ်စွန့်ခွာသူများ အတွက် ထောက်ပံ့ငွေများပေးအပ်




MNP ၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ဖြစ်ပွားသောတိုက်ပွဲများကြောင့် လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာနေကြရသည့် ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက်တွင် ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အမှာစကားပြောကြားပြီး ယာယီနေရပ်စွန့်ခွာစခန်းများမှ တာဝန်ခံများက ယာယီနေရပ်စွန့်ခွာသူ များ၏ လိုအပ်ချက်များကို တင်ပြကြရာ ဝန်ကြီးချုပ်ကလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် နိုင်ငံတော်က ထောက်ပံ့သည့် ယာယီနေရပ်စွန့်ခွာစခန်းအသီးသီးမှ ယာယီနေရပ် စွန့်ခွာသူများအတွက် ဆန်ရိက္ခာ တစ်လစာ (၁၂၇)သိန်းကိုလည်းကောင်း ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာစခန်း (၁၇) နေရာမှ ယာယီနေရပ်စွန့်ခွာသူ (၆၇၃၃) ဦးအတွက် (၁၉၅) သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က အသီးသီးပေးအပ်ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။


စိုင်းထွန်း(လားရှိုး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)