သာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေး


MNP ၊ နိုဝင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်က မြို့နယ်အားကစားကွင်းအတွင်း၌ အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းများဖြင့် ပြည်သူများအား ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ဆန်တစ်ပြည် ၂၇၀၀ ကျပ်ဖြင့် ၁၀ အိတ်၊ ဆီတစ်ပိဿာ ၅၂၀၀ ကျပ်နှုန်းဖြင့် ဆီပေပါသုံးလုံး၊ ငါးကြင်း(မျက်ဆံနီ)တစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၂၀ ပိဿာ၊ အမဲသားတစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၁၇၀ ပိဿာ၊ ကြက်သားတစ်ပိဿာ ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၃၀ ပိဿာ၊ ဝက်သားတစ်ပိဿာ ၁၅၀၀၀ နှုန်းဖြင့် ၁၅ ပိဿာ၊ ဆိတ်သားတစ်ပိဿာ ၂၀၀၀၀ ကျပ်နှုန်းဖြင့် ၂၅ ပိဿာ၊ ကြက်ဥတစ်လုံး ၂၀၀ ကျပ်နှုန်းဖြင့် ၉၀၀၀ လုံး ခရမ်းချဉ်သီး(ရှမ်း)တစ်ပိဿာ ၁၀၀၀ ကျပ်နှုန်းနှင့် အခြားသော ဟင်းသီးဟင်းရွက်များကို သက်သာသောနှုန်းထားများဖြင့် ရောင်းချရာ ပူးပေါင်းဆောင်ရွက်သည့် ဌာနဝန်ထမ်းများက ကူညီရောင်းချပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနှင့် အနီးတဝိုက် ကျေးရွာများမှ ပြည်သူများ လာရောက်ဝယ်ယူကြကြောင်း သိရသည်။ အဆိုပါ သက်သာဈေးကို ဒုတိယအကြိမ် ရောင်းချပေးခြင်းဖြစ်ပြီး နိုဝင်ဘာလအတွင်း ၇ ကြိမ် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်သာဈေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးသက်ချိုဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)