ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်


MNP ၊ နိုဝင်ဘာ ၂၃

ချင်းပြည်နယ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က ယခုအစည်းအဝေးသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀)ဘီလီယံနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကို ထုတ်ချေးရန်သင့်တော်သည့် စိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်နေသည့် ပုဂ္ဂိုလ်များကို ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် လက်စွဲစာအုပ်ပါ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရွေးချယ်၍ ထုတ်ချေးပေးနေပါကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ဧပြီလမှစပြီး  စတင်ထုတ်ချေးပေး လျက်ရှိပါကြောင်း၊ ယခုနှစ် အောက်တိုဘာလကုန်အထိ ငွေကျပ်သန်း တစ်ထောင့်ရှစ်ရာကျော်ခန့် ထုတ်ချေးပြီးစီးပါကြောင်း၊ အတိုးငွေများလည်း စတင် ကောက်ခံရရှိနေပြီးဖြစ်ကြောင်း၊ ယခုထက်ပိုမို ထိရောက်ကျယ်ပြန့်စွာ ထုတ်ချေးပေးနိုင်ရေးနှင့် ချေးငွေလုံခြုံစိတ်ချစေရေး ဟန်ချက်ညီ လုပ်ဆောင်လျက်ရှိပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကော်မတီ၏ (၂၇.၁၀.၂၀၂၃) ရက်စွဲပါ ညွှန်ကြားချက်နှင့်အညီ လက်စွဲစာအုပ်ပါ အချက်အလက်အချို့ကို ပြင်ဆင်လိုက်နာဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ချေးငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်လိုသူ ပြည်သူများထံသို့ ပုံစံ(၇) လက်ဝယ်ရရှိနိုင်ရေးသည် ပြည်နယ်အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပါသဖြင့် လုံခြုံရေးအခြေ အနေပေးသည့် ခရိုင်၊ မြို့နယ်များ၌ စီမံချက် ချမှတ်ဆောင်ရွက်ပေးနိုင်ရန် ယခုအစည်းအဝေး တက်ရောက်သူများက ဝိုင်းဝန်း ဆွေးနွေးပေးကြစေလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ချေးငွေများနှင့် ပတ်သက်၍ လက်စွဲစာအုပ်ပါ စည်းမျဉ်း၊ စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် အနီးကပ် ကြီးကြပ်ဖို့လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ပြည်နယ် သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်ထွန်းက ချေးငွေများနှင့် ပတ်သက်သည့် မူဝါဒများ၊ ညွှန်ကြားချက်အသစ်များကို ရှင်းလင်းတင်ပြပြီး သက်ဆိုင်ရာဌာနများဖြစ်သည့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေနှင့်  ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း လျာထားချက်များကို ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များပေါ် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးအောင်ချိုနှင့် တက်ရောက်လာသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရ သည်။                                                                           


မောင်ထွန်းတောက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)