နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ





ပြင်ဦးလွင် နိုဝင်ဘာ ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဘွဲ့ကြို (ပထမနှစ်) မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူ များအား ကြိုဆိုပွဲအခမ်းအနားကို ၂၃-၁၁-၂၀၂၃ ရက်နေ့က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တာဝန်ရှိသူများ၊ ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နည်းပညာတက္ကသိုလ်( ရတနာပုံဆိုက်ဘာစီးတီး) ပါမောက္ခချုပ်က မောင်တို့၊ မယ်တို့ဟာ တက္ကသိုလ်ဝင်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့အတွက် အင်ဂျင်နီယာ ဘာသာရပ်တွေကို မိမိတို့ရဲ့ ဝါသနာ၊ ဆန္ဒများနဲ့အညီ ဒီကျောင်းတော်ကြီးမှာ တက်ရောက်ခွင့် ရရှိခဲ့ကြတဲ့အတွက် အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ ဒီကျောင်းတော်ကြီးကနေ စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချပေးလိုက်မယ့် ပညာရပ်တွေကိုကြိုစားသင်ယူသွားကြရင်း မိမိတို့ရဲ့ကျရာ နေရာဒေသအသီးသီးသို့ ရောက်ရှိပြီး တာဝန်ထမ်းဆောင်ကြတဲ့အခါမှာ ဒီပညာရပ်တွေကို အသုံးချပြီး နိုင်ငံ့အကျိုး၊ လူမှုစီးပွားအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့် အင်ဂျင်နီယာကောင်းများဖြစ်အောင် နိုင်ငံတော်မှအားထားရတဲ့ သားကောင်း၊သမီးမွန်များဖြစ်အာင် ကြိုးစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ပါမောက္ခဌာနမှူးများက ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားများအသီးသီး ပြောကြားခဲ့ကြသည်။

နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) တွင် အွန်လိုင်းစနစ်ဖြင့် ဘာသာရပ်များ သင်ကြားမှုလည်းပါဝင်ကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)