MNP ၊ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသား စုဝင်များကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းရိပ်သာ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်မိသားစုဝင်များအား အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment