MNP ၊ နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ရဲရွာသစ်ကျေးရွာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက် ၉ နာရီအချိန်က ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းအနေဖြင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ အလွယ်တကူဝယ်ယူနိုင်ရေး နယ်လှည့်ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်းနှင့် စဉ့်ကိုင်မြို့နယ်တွင် ဒေါ်လာ စားသုံးဆီလက်လီ လက်ကားအရောင်းဆိုင်မှ ရဲရွာသစ်ကျေးရွာပြည်သူများအတွက် စားအုန်းဆီ (၅၅၀) ပိဿာ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် တစ်ပိဿာ(၄၉၉၀)ကျပ်ဖြင့် ဝယ်ယူရရှိခဲ့သော စားအုန်းဆီများကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၅၄၂၆)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပြီး ကျောက်ဆည်မြို့နယ်နှင့်မြစ်သားမြို့နယ်အတွင်းရှိ ကျေးရွာများသို့လည်း နယ်လှည့်ဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost
No comments:
Post a Comment