တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ငပုတောမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ငပုတောမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

032

033

034


MNP ၊ နိုဝင်ဘာ ၈

ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)နှင့်အတူ လိုက်ပါလာသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပါရဂူများ၊ ဆရာဝန်များ၊ သူနာပြုများ ပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ အခြေပြု၍ အဆိုပါမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် နယ်လှည့်အထူးကုဆေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာရောဂါ ၂၉၇ ဦး၊ ခွဲစိတ်ရောဂါ ၆၁ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေးရောဂါ ၆၀ ဦး၊ အရိုးရောဂါ ၁၁၉ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၂၀၆ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေး သည်။ ထို့အပြင် အထွေထွေခွဲစိတ်လူနာ ၁၅ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၅၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်း သပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦး စုစုပေါင်း ၉၂၁ ဦး တို့ကို ရောဂါ ရှာဖွေစမ်းသပ် ခွဲစိတ် ကုသပေးခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ၁၁ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ မျက်စိခွဲစိတ်လူနာ များအား ဆေးမျက်မှန်များ တပ်ဆင်ပေးပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages