ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမိသားစု၏ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ










MNP ၊ နိုဝင်ဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးပါတီ မိသားစု၏ "မဟာဘုံကထိန်စုပေါင်းရေစက်ချ တရားနာခြင်း မင်္ဂလာအခမ်းအနား"အား နိုဝင်ဘာလ ၂၂ ရက်နေ့နံနက် (၀၉ ၃၀)အချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ "ပရိယတ္တိ ပဋိပတ္တိသာသနာပြု မူလဆယ်တောင်ပြည့်ကျောင်းတိုက်တော်"အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌနှင့်ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများမှ နမောတဿ(၃) ကြိမ်ရွတ်ဆို၍ သြကာသ ကန်တော့ချိုးဖြင့်ညီညာဖျဖျ ကန်တော့ခဲ့ကြပြီး သီလပေးတရားတော်မြတ်အား ခံယူတောင်းခံကြပြီးတိုင်းပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ပါတီတာဝန်ရှိသူများက ကထိန်သင်္ကန်းတော်မြတ်နှင့် ကထိန်ပဒေသာပင်များ လှူဖွယ်ဝထ္ထူများအား ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်များထံ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်အစချီသော ပရိတ်တရားတော်များအား စုပေါင်းပူဇော် ရွတ်ဆိုခဲ့ကြပါသည်။

ထို့နောက် ကျောင်းတိုက်တော်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဥုးဣဒ္ဓိဗလမှ ကထိန်အလှူ အနုမောဒနာတရားတော်မြတ်အား ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ စုပေါင်းလှူဒါန်းမှုအစုစုတို့အား ရေစက်သွန်ချအမျှပေးဝေခဲ့ပြီး "ဗုဒ္ဓသာသနံ စီရံတိဋ္ဌတု" သုံးကြိမ်ရွှတ်ဆိုခဲ့ပြီး အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး ငွေမိုးရွာသွန်းဖြိုးကာ ပင့်ဖိတ်လျှောက်ထား၍ ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဆပ်ကပ်လှူဒါန်းခဲ့ပြီး ဘောဇဉ် ချိုချဉ် အရသာအဖြာဖြာတို့ကိုဆပ်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေး ဒါနပြုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)