MNP ၊ နိုဝင်ဘာ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် နိုင်ငံတကာရေးရာ၊ စီးပွါးရေးရာ၊ ပညာရေးနဲ့ သုတေသန၊ ဥပဒေရေးရာနဲ့ လျှပ်စစ်ကဏ္ဍများ အပတ်စဉ် ပါတီတွင်း ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိကြောင်း ဦးခင်ရီ၏ ရေးသားထုတ်ပြန်ချက်အရ သိရသည်။
ဒီနေ့(၂၀၂၃ နို ၈ ရက်)မနက်ပိုင်း ပါတီဌာနချုပ် ပြည်ထောင်စုခန်းမမှာ လေ့ကျင့်ရေးနှင့် ပညာရေးရေးရာကော်မတီကဦးဆောင်ပြီး ပါတီတွင်းဆွေးနွေးပွဲတစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း၊ လေ့ကျင့်ရေးနှင့် ပညာရေးဌာနက ဆောင်ရွက်ဆဲ နဲ့ အနာဂတ်အစီအမံတွေကို ကျန်ပါတီဝင်တွေက ဆက်စပ်ဆောင်ရွက်နိုင်အောင် အသေးစိတ်ရှင်းပြခဲ့ကြောင်း၊ ဒီအပေါ်မှာဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုကော်မတီဝင်တွေရဲ့ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုမျိုးတွေကို တစ်ပတ် တစ်ကြိမ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယခုအကြိမ်ဟာ (၆)ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံတကာရေးရာ၊ စီးပွါးရေးရာ၊ ပညာရေးနဲ့ သုတေသန၊ ဥပဒေရေးရာနဲ့ လျှပ်စစ်ကဏ္ဍဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးခင်ရီ က "ဒီဆွေးနွေးပွဲတွေဟာ ( Brain Stroming )လို့ခေါ်တဲ့ ဦးနှောက်မုန်တိုင်းဆင်ခြင်း၊ အသိပညာမျှဝေတဲ့ (Knowledge Sharing ) နဲ့ လုပ်ငန်းစဉ်တွေအပေါ် အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေရနိုင်သလို နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ အတွေ့အကြုံ ပိုမိုပြည့်စုံပြီး စဉ်ဆက်မပြတ်လေ့လာစေလိုတဲ့ အချက်လဲပါ ပါတယ်။ တနည်းဆိုရင် ပါတီဝင်လေ့ကျင့်ရေးရဲ့ ခြေလှမ်းများလိုလည်း ပြောလိုရပါတယ်။ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်မြင် ဆိုတာကို ယုံကြည် ပါတယ်။ ရေရှည်မျှော်လင့်ချက်တွေနဲ့ ရသမျှအချိန်ကို အသုံးချရတာပါ။ ဆွေးနွေးချက်တွေအပြီး နိဂုံးမှာ Food for Thought လို့ခေါ်နိုင်တဲ့ အနာဂါတ်အတွက် တွေးစရာ အစလေးတွေကိုပါ ဖေါ်ထုတ်ပေးခဲ့လို ပိုမိုတောက်ပတဲ့အနာဂါတ်ဆီသို့ ဆိုတဲ့ ပါတီရဲ့မျှော်မှန်းချက်ကို အကျိုးရှိစေတဲ့ ဆွေးနွေးချက်တွေလို လဲသုံးသပ်ပါတယ်။ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ညှိနှိင်းခြင်း၊ ဆုံးဖြတ်ခြင်းများဟာ ဦးတည်ရာလမ်းကြောင်းမှန်ပေါ်မှာ အရှိန်အဟုန်နဲ့သွားနိုင်ရေးအတွက် တွန်းအားတစ်ရပ်လို့ယူဆပါတယ်။" ဟု ပါတီတွင်း ဆွေးနွေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်နေမှုအခြေအနေကို ထုတ်ပြန်ရေးသားထားခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment