MNP ၊ နိုဝင်ဘာ ၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နာဂဝီသတောင်ရိုးတန်းတွင် တင့်တယ်သပ္ပါယ်စွာပွင့်ထွန်း တည်ထားကိုးကွယ်တော်မူသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ် ဘုရားကြီး၏ ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် ဩဝါဒဆရာတော်ကြီးများမှ ဦးစီးအမှူးပြု၍ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီး၏ ဦးသျှောင်မကိုဋ်တော်အား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ခဲ့ပြီး၊ မဟာမြတ်မုနိဘုရားကြီး ဦးသျှောင်မကိုဋ်တော်အား ရွှေစင်၊ ရွှေသား၊ ရွှေပန်းခက် ထုဆစ်ခြင်း(ဗုဒ္ဓပူဇာ) မင်္ဂလာနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် အလှူတော်မင်္ဂလာ ရေစက်ချအခမ်းအနားကို မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီးဝင်းအတွင်းရှိ သုခချမ်းသာ ကျောင်းဆောင်တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မော်လမြိုင်မြို့၊ ဝဲပျံကျောင်းတိုက်ကြီး၏ ဦးစီပဓာန နာယကဆရာတော် သာသနဓဇဓမ္မာစရိယ၊ မဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္ဒဝံသ ဆရာတော်ထံငါးပါးသီလခံယူ ဆောက်တည်ပြီး၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်ထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်အရှင်သူများထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment