မိုင်းစံမြို့ သီရိမင်္ဂလာရွှေဂူတောရကမ္မဋ္ဌာန်းကျောင်းတိုက်၌ (၁၂) ကြိမ်‌‌မြောက်စုပေါင်းမဟာဘုံ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းစံမြို့ သီရိမင်္ဂလာရွှေဂူတောရကမ္မဋ္ဌာန်းကျောင်းတိုက်၌ (၁၂) ကြိမ်‌‌မြောက်စုပေါင်းမဟာဘုံ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ




MNP ၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ သီရိမင်္ဂလာ‌ရွှေဂူတောရကမ္မဌါန်း ကျောင်းတိုက်၌ (၁၂) ကြိမ်‌မြောက် မဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှုဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အလှုရှင်များဖြစ်ကြသော မိုင်းစံမြို့ အမှတ် (၁၅၀) ခြေလျင်တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်မျိုးသန့်နှင့် ဇနီးဒေါ်မျိုးပပမွန်မိသားစု၊ အရာရှိအရာခံ တပ်ကြပ်စစ်သည်မိသားစုတို့နှင့် မိုင်းရှူးရတနာမြေမှ‌ ဦးကြည်အောင်နှင့် ဇနီး‌ဒေါ်နွယ်နွယ်စိုး မိသားစုတို့မှ မတည်၍    မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ပညာရေးမိသားနှင့် ဈေးသူ၊ ဈေးသားများ၊‌‌ ကျောင်းဒါယိကာ၊ ကျောင်းဒါယိကာမများ တက်ရောက်ကြသည်။ ထို့နောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြသည်။ ဆက်လက်၍ နေ့လယ် ၁ နာရီအချိန်တွင် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို "နမောတဿ" (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ သီရိမင်္ဂလာရွှေဂူတောရကျောင်းတိုက်ဆရာတော် ဦးသုန္ဒရနှင့် ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်း ကြသည်။

ယင်းနောက် မိုင်းရှူးမြို့ သဖန်းပင်တောရ ကျောင်းတိုက်ဆရာတော် ဦးသုမင်္ဂလမှ "လူ့ဘဝမှာ အနှစ်ရှာ" တရားတော်ကိုဟောကြားခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှဝေကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ ထို့နောက်အလှူရှင်များကို သီရိမင်္ဂလာရွှေဂူတောရကမ္မဌါန်းကျောင်းတိုက်ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ကြွရောက်လာကြသည့် အလှူရှင်များက ရွှေမိုးငွေမိုးရွာသွန်းပေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)