နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (၂၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ ဆွေးနွေးဖက်နိုင်ငံများဖြင့်ကျင်းပသော ဝန်ကြီးအဆင့် အစည်းအဝေးများတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (၂၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ ဆွေးနွေးဖက်နိုင်ငံများဖြင့်ကျင်းပသော ဝန်ကြီးအဆင့် အစည်းအဝေးများတက်ရောက်

013

014

MNP ၊ နိုဝင်ဘာ ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာဘန်မြို့တွင် နိုဝင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပသော (၂၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ (၂၂) ကြိမ်မြောက် အာဆီယံ - တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ - ကိုရီးယားပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် ခရီးသွားလာရေးဝန်ကြီးများ၏ ကြားဖြတ်အွန်လိုင်းအစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီး ၁၁-၁၁-၂၀၂၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကျင်းပသော (၂၉) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားကို လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး H.E. Mr. Ngampasong MUONGMANY က အဖွင့်အမှာစကားပြောကြား၍ အစီအစဉ်များအတိုင်း အစည်းအဝေးကို ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ၂၀၂၄ခုနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အာဆီယံလေကြောင်း လမ်းညွှန်ထိန်းသိမ်းမှုပင်မစီမံချက် တတိယအကြိမ်ပြင်ဆင်တည်းဖြတ်မှု၊ လေယာဉ်အမှုထမ်းများအတွက် လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ အပြန်အလှန်အသိအမှတ်ပြု ခြင်းအစီအစဉ်၏ အခြေပြစာချုပ်ငယ် (၃) နှင့်အညီ အဖွဲ့ဝင်နိုင်ငံများ၏ လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေးကို ကြီးကြပ်ဆောင်ရွက်ရသူများအတွက် လုပ်ထုံးလုပ်နည်းရေးဆွဲမှု၊ အာဆီယံလေကြောင်းပို့ဆောင်ရေးကဏ္ဍ စဉ်ဆက် မပြတ်ဖွံ့ဖြိုးရေးစီမံချက်အရ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အာဆီယံအမြန်လမ်း ကွန်ရက်နှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာပြင်ဆင်ချက်လက်မှတ် ရေးထိုးရေးကိစ္စ၊ လျှပ်စစ်သုံးယာဉ်များ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ချမှတ်သင့်သည့်မူဝါဒများ ရေးဆွဲမှု၊ ဆိပ်ကမ်းများတွင် နည်းပညာတိုးမြှင့်အသုံးပြုရေးလုပ်ငန်းလမ်းညွှန်ချက်များနှင့် ဆိပ်ကမ်းများ၏ စဉ်ဆက်မပြတ်လုပ်ငန်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းလမ်းညွှန်ချက်များ အတည်ပြုခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့သည်။

မွန်းလွဲပိုင်းတွင် (၂၂) ကြိမ်မြောက် အာဆီယံ - တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးသို့  တက်ရောက်၍ အာဆီယံ - တရုတ်ပူးပေါင်းဆောင်ရွက်မှုလမ်းပြမြေပုံပါ လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မှုနှင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည်နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် နှစ်(၅၀)ပြည့် အာဆီယံ - ဂျပန် မိတ်ဖက်ဆက်ဆံရေး ထူထောင်မှုအခမ်းအနား၊ နှစ်(၂၀)ပြည့် အာဆီယံ - ဂျပန်ပို့ဆောင်ရေး ပူးပေါင်း ဆောင်ရွက်မှုအထိမ်းအမှတ်အခမ်းအနားများနှင့် အွန်လိုင်းဖြင့် ကျင်းပသော (၂၁) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။ ထို့အပြင် (၁၄) ကြိမ်မြောက် အာဆီယံ - ကိုရီးယားပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ကာလအတွင်း အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော လမ်းပြမြေပုံပါလုပ်ငန်းစဉ်များနှင့် အာဆီယံ - ကိုရီးယားလေကြောင်း သဘောတူစာချုပ် ချုပ်ဆိုရေးကိစ္စရပ်များကို ဝန်ကြီးများအကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အွန်လိုင်းဖြင့် ကျင်းပသော အာဆီယံပို့ဆောင်ရေးဝန်ကြီးများနှင့် ခရီးသွားလာရေးဝန်ကြီးများ၏ ကြားဖြတ်အစည်းအဝေး သို့်တက်ရောက်ပြီး အာဆီယံနိုင်ငံများ၏ စီးပွားရေးပြန်လည်ကောင်းမွန်စေရန် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ကဏ္ဍနှစ်ရပ်စလုံးမှ ကိုယ်စားလှယ်များ ပါဝင်သောလုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်နှင့် ပတ်သက်သောကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် မြန်မာ-လာအိုနှစ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ပြီး နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးစာချွန်လွှာမူကြမ်းကိစ္စ၊ မဲခေါင်မြစ်ရေ လမ်းကြောင်းကောင်းမွန်ရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များနှင့် အလားအလာရှိသော နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဘာသာရပ်ဆိုင်ရာ အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံခရီးသွားလာရေးဝန်ကြီးများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages