MNP ၊ နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့နယ် ၊ ခမောင်းဆိပ်မြို့ ၊ အရှေ့ပိုင်း ရပ်ကွက်တွင်
နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်ခန့်က နေအိမ်တစ်လုံး နှင့် ဈေးဆိုင်ခန်း တွဲ လျက် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် ၊ ခမောင်းဆိပ်မြို့ ၊ အရှေ့ပိုင်းရပ်ကွက်နေ ဦးဘမောင်(ဘ)ဦးရွှေဖြူ ဒိုင်းနက် /ဗုဒ္ဓ၏ အလျား ၂၇ ပေ ၊ အနံ ၁၈ ပေ ၊ အမြင့် ၁၅ ပေရှိ သွပ်မိုး ၊ ဝါးထရံကာ ၊ ပျဉ်ခင်း နေ အိမ်တစ် လုံး နှင့် နေအိမ်ရှေ့တွင် ဆောက်လုပ်ရောင်းချလျက်ရှိသည့် အလျား ၄၂ ပေ ၊ အနံ ၁၈ ပေ ၊ အမြင့် ၁၀ ပေရှိ သွပ်မိုး ၊ ဝါးထရံကာ ၊ ကွန်ကရစ်ခင်းဆိုင်ခန်း တစ်ခန်းတို့မှာ မီးလောင် ကျွမ်းခဲ့ပြီး ရွာသူ ၊ ရွာသား များက အနီးရှိ ရေကန်များမှ ရေဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြရာ နံနက် ၉ နာရီ ၄၀ အချိန် မီးငြိမ်း သတ်နိုင် ခဲ့ ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုကြောင်း နေအိမ်နှင့်ဈေးဆိုင် တစ်ခန်း မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေး ဒုက္ခသည် အမျိုးသားနှစ် ဦး ၊ အမျိုးသမီး သုံးဦး စုစုပေါင်း ငါးဦး နှင့် အနီးအနားရှိ ရွာသူ ၊ရွာသူများမှာ လုံခြုံရေးအရ အနီးရှိ သစ်တုံးနားခွဆုံကျေးရွာသို့ ယာယီရွှေ့ပြောင်း နေထိုင် လျက်ရှိကြောင်း နှင့် မီးလောင် ကျွမ်းရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (မောင်တော)
https://t.me/MyanmarNationalPost
No comments:
Post a Comment