မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲဝင် ဦးကျော်မြင့် မိတ္ထီလာအကျဉ်းထောင် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲဝင် ဦးကျော်မြင့် မိတ္ထီလာအကျဉ်းထောင် ကြည့်ရှုစစ်ဆေး




MNP ၊ နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲဝင် ဦးကျော်မြင့် ဦးဆောင်သော အဖွဲ့သည် ယနေ့တွင် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တိုအရ မိတ္ထီလာအကျဉ်းထောင်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကော်မရှင်အဖွဲသည် အကျဉ်းထောင်ရှိ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ/မရှိ၊ သန့်ရှင်း‌သော သောက်သုံးရေ လုံလောက်မှု ရှိ/မရှိ၊ မိသားစုနှင့် တွေ့ဆုံနိုင်ခွင့် အခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ/မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ/မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ/မရှိ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့်တောင်းခံသူ အကျဉ်းသားများကိုလည်း သီးခြားတွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခဲ့သည်။

ယင်းနောက် ကော်မရှင်အဖွဲ့သည် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိ စသည်တိုကို ကြည့်ရှုစစ်ဆေးသည်။

ထိုနောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၁၀၀ အုပ်ကို ကော်မရှင်ကလှူဒါန်းခဲ့ရာ မိတ္ထီလာအကျဉ်းထောင် တာဝန်ခံ အရာရှိမှ လက်ခံရယူသည်။

အဆိုပါအဖွဲ၏ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို အရေးယူ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြု ပေးပိုသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)