MNP ၊ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ်၌ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓတက္ကသိုလ်ရှိ ပဋိသောတဂါမိနီဓမ္မဗိမာန်တော်၌ ပြုလုပ်ရာ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ တိက္ခသာရ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော် များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး သီတဂူ ကေတုမတီဗုဒ္ဓတက္ကသိုလ် ကျောင်းအုပ်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိ သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment