မြန်မာ့မီးရထားက တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများအဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ်များပြေးဆွဲပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့မီးရထားက တန်ဆောင်တိုင်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများအဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် အထူးရထားခရီးစဉ်များပြေးဆွဲပေးလျက်ရှိ



MNP ၊  နိုဝင်ဘာ ၂၆

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန်နှင့် ရန်ကုန်- ပြည်-ရန်ကုန် ခရီးစဉ်များကို အထူးရထားများဖြင့် အစုန်/အဆန် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၂၄ ရက်တွင် နေပြည်တော်-ရန်ကုန် အစုန်အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/ အဆန်အထူးရထား၊ ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် အထူးရထားများကို ပြေးဆွဲပေးခဲ့ပြီး ယမန်နေ့က ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန်အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန်အထူးရထားများ ဆက်လက်ပြေးဆွဲပေးခဲ့သည်။

ထို့ပြင် ယနေ့ နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်-မော်လမြိုင်- ရန်ကုန် အစုန်/အဆန် အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန် အထူးရထားများကိုလည်းကောင်း၊ နိုဝင်ဘာ ၂၇ ရက်တွင် ရန်ကုန်- နေပြည်တော်အဆန်အထူးရထား၊ ရန်ကုန်-ပြည်-ရန်ကုန် အစုန်/အဆန် အထူးရထားနှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန် အစုန်/အဆန် အထူးရထားများကိုလည်းကောင်း တန်ဆောင်တိုင်ရုံးပိတ်ရက်ပြီးဆုံး၍ ခရီးသွားမိဘပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုများ မိမိတို့နေရပ်သို့ အဆင်ပြေစွာ ပြန်လည်ခရီးသွားလာနိုင်ရန်အတွက် ထပ်မံပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)