ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် စိစစ်ဆောင်ရွက်လျက် ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် စိစစ်ဆောင်ရွက်လျက် ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ပြောကြား


MNP ၊ နိုဝင်ဘာ ၂၂

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေ စီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၈) ကြိမ် မြောက် အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်း ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ စီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် တောင်သူတစ်ဦး ချင်းကို ငွေကျပ်သိန်း ၇၀၀ အထိ ချေးငွေများအား နှစ်တို (၃) နှစ်၊ နှစ်ရှည် (၅) နှစ် အရစ်ကျပြန်ဆပ် စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ စီမံကိန်းစတင်သည်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန် အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၈၇ ခု တို့မှ တောင်သူ ၅၆၈၅ ဦးသို့ ထွန်စက်ကြီး ၂၇၅၈ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၂၆၇၇ စီး ဝယ်ယူနိုင်ရေးအတွက် ချေးငွေ ကျပ် ၂၃၇၁၇၅ ဒသမ ၁၇၈ သန်း ထုတ်ချေးပေးထားပြီး ၂၀၂၃-၂၀၂၄ ခုနှစ်အတွင်းတွင် တိုင်းဒေသ ကြီး/ပြည်နယ် (၇) ခုရှိ မြို့နယ် ၁၇ မြို့နယ်မှ တောင်သူ ၂၈ ဦးသို့ ထွန်စက်ကြီး ၂၃ စီး၊ ရိတ်သိမ်း ခြွေလှေ့စက် ငါးစီးဝယ်ယူနိုင်ရေးအတွက် ချေးငွေကျပ် ၁၈၆၆ ဒသမ ၆၅ သန်း ထုတ်ချေးပေးခဲ့ကြောင်း။

ချေးငွေရယူလိုသည့် တောင်သူများသို့ ချေးငွေသစ်များ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် စိစစ် ဆောင်ရွက်လျက် ရှိကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုးတက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ဖြိုးရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်)နှင့် ဘဏ်ခွဲ အဆင့်ဆင့်အနေဖြင့် Evaluation & Monitoring ကို စဉ်ဆက်မပြတ် ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် စဉ်ဆက်မပြတ်ပူးပေါင်းဆောင် ရွက်သွားရန်၊ ချေးငွေအစီအစဉ်တွင် လယ်ယာသုံး စက်ကိရိယာများ ပါဝင်ရောင်းချသည့် ကုမ္ပဏီ များအနေဖြင့်လည်း လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ အတ္တ၊ ပရမျှတစွာဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက Two Step Loan ချေးငွေထုတ်ချေး ထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ကော်မတီဝင်များက အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် သုံးသပ်ဆွေးနွေးကာ အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။

နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများနှင့်အညီ လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှုမြင့်မားရေး အတွက် တောင်သူဦးကြီးများ၊ ကန်ထရိုက်လယ်ယာစနစ် ဆောင်ရွက်သူများ၊ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ သုံးစွဲလာနိုင်စေရန် ဘဏ္ဍာရေးပိုင်းမှပံ့ပိုး ဆောင်ရွက်မှုအဖြစ် အတိုးနှုန်း အလွန်သက်သာသော ချေးငွေများ ရရှိနိုင်ရေးအတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့် အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)