အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေမြတ်နိုးသူလူငယ်များနှင့်စာဖတ် ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေမြတ်နိုးသူလူငယ်များနှင့်စာဖတ် ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကျင်းပ

MNP ၊-နိုဝင်ဘာ- ၂၃

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ဒို့ကျေးရွာဂျာနယ်ကိုလူ
ငယ်များဖတ်ရှုလေ့လာကြစေရန်ရည် ရွယ်၍ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀) အ မှတ်(၁၅)ပါဆောင်းပါးရှင်မောင်မောင် မြင့်သိန်း (စက်မှုတက္ကသိုလ်)၏ခန့်မှန်း 
ရခက်သော အနာဂတ်ကို နိုင်နင်းအောင် ဆောင်ရွက်နေသောလူငယ်များဆောင်း ပါး ဖြင့်စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်က ကျင်းပပြု လုပ်ခဲ့သည်။ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဦးစန်းဝင်းက စာပေမြတ်နိုးသူကျောင်း သားကျောင်းသူလူငယ်များအား လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများဘက် စုံဖွံ့ ဖြိုးတိုးတက်စေရန် ၊ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ လူငယ်များလမ်းမှားမရောက်အောင်ပြုမူနေထိုင်ရန်အချက်များအားပြောကြားပြီးဒို့ကျေးရွာဂျာနယ်အတွဲ(၂၀) အမှတ်(၁၅)ဆောင်း ပါးရှင်မောင်မောင်မြင့်သိန်း (စက်မှုတက္က သိုလ်)၏ခန့်မှန်းရခက်သော အနာဂတ်ကို နိုင်နင်းအောင်ဆောင်ရွက်နေသောလူငယ်များ ဆောင်းပါးဖြင့်စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းကို
ဖတ်ကြားဆွေးနွေးခဲကြပါသည်။
ဆက်လက်ပြီးစာပေမြတ်နိုးသူ Book Club  အသင်းဝင် မောင်ငြိမ်းချမ်းသူ၊မ
သင်းမြတ်စံ၊မောင်ဝေဠုကျော်၊မအေးသန္တာဖြိုး၊မအိဇင်မိုးတို့က ခန့်မှန်းရခက် သော အနာဂတ်ကို နိုင်နင်းအောင်ဆောင် ရွက်နေသောလူငယ်များ ဆောင်းပါးပါ
အကြောင်းအရာများ နှင့်အခြားသိရှိလိုသည့်အကြောင်းအရာများအားမေးမြန်းကြရာ ဦးစီးအရာရှိဦးစန်းဝင်းကသိရှိလိုသည်များအား အသီးသီးရှင်းလင်းဖြေ ကြားဆွေးနွေးကာ စာပေချစ်မြတ်နိုးသူ Book Club အသင်းဝင်လူငယ်များအားအားလူကုန်ကူးမှုတားဆီးကာကွယ်ရေးနံရံကပ် စာစောင်ပါ လူကုန်ကူးခံရမှုမရှိစေရေးအတွက် မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့ကြကြောင်းသိရသည်။




https://t.me/MyanmarNationalPost
  

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)