MNP ၊ နိုဝင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယမန်နေ့ ညနေပိုင်းက “ရုံးလုပ်ငန်းလက်စွဲ” စာအုပ် အခန်း(၁)မှ “ရုံးလုပ်ငန်းသဘောတရား”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး “ရုံးလုပ်ငန်းအဓိပ္ပာယ်”၊ “ပင်မလုပ်ငန်း”၊ “အထောက်အကူပြုရုံးလုပ်ငန်း” စသည့်အကြောင်း အရာများကို ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက “ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိရခြင်း”၊ “ပြီးပြည့်စုံသောရုံးလုပ်ငန်း” စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများအား လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ)ဦးဇော်လင်းက “စနစ်ရှိရခြင်း၊စည်းကမ်းရှိရခြင်း”၊ “အရည်အချင်းနှင့်ကျွမ်းကျင်မှုရှိရခြင်း၊ ထိုးထွင်းတီထွင်လိုစိတ်ရှိရခြင်း” စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများအားလည်းကောင်း ဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။အဆိုပါ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်နှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် ရုံးလုပ်ငန်းနှင့်ပတ်သက်သည့်အကြောင်းအရာများ ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်။
ဇော်လင်း(ကျိန္တလီ)
https://t.me/MyanmarNationalPost
No comments:
Post a Comment