MNP ၊ နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယမန်နေ့က “စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်” စာအုပ်မှ “စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း” ခေါင်းစဉ်ပါအကြောင်းအရာ များဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး “လေလွင့်ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းရေးနှင့် စာအုပ်များတိုးပွားစေခြင်း” ခေါင်းစဉ်ပါ အကြောင်းအရာကို ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက စာအုပ်များလေလွင့်ပြုန်းတီးမှုမဖြစ်စေရန် လိုက်နာရမည့်အချက်များအား လည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ)ဦးဇော်လင်းက စစ်ဆေးမှုစနစ်၊ စစ်ဆေးချိန် သတ်မှတ်ခြင်း၊ မှတ်တမ်းပြုစုခြင်း/စိစစ်ဖော်ထုတ်ခြင်း စသည့်ခေါင်းစဉ်ပါ အကြောင်းအရာများအား လည်းကောင်း ဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။အဆိုပါ “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်” စာအုပ်နှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများကို လျှင်မြန် လွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကို ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment