ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

 



MNP ၊  နိုဝင်ဘာ  ၂၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက “နိုင်ငံ့ဝန်ထမ်းနည်းဉပဒေများ”စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်  လူထု အခြေ ပြု ဗဟိုဌာန Community  Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး တာဝန်ပေး ဦးမြင့်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားကာ “နိုင်ငံ့ဝန်ထမ်းနည်း ဉပဒေ များ”စာအုပ်ပါ  အခန်း ၄ ပါ ရာထူးတိုးမြှင့်ခြင်းခေါင်းစဉ်ပါ အကြောင်းအရင်းများအား ဖတ်ကြားခဲ့သည်။ဆက်လက်၍ ခရိုင်ရုံး ရှိဝန်ထမ်းများက အခန်း ၄ တွင် ပါဝင်သော အရည်အချင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း ၊ ရာထူး တိုးမြှင့်ခြင်း ဆိုင်ရာသတ်မှတ်ချက်များ စသည့် ခေါင်းစဉ်များရှိ ပါဝင်သော အချက် အလက်၊ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး  သိလိုသည်များအား အပြန်အလှန် ဆွေးနွေး ခဲ့ ကြ ကြောင်းသိရသည်။ 

သက်လွင်စိုး ၊ အောင်ကျော်စိန် (မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)