ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူငယ်အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လူငယ်အသိပညာပေး Talk Show ပြုလုပ်



MNP ၊ အောက်တိုဘာ   ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက လူငယ်အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။ အဆိုပါ အသိပညာပေး Talk Show တွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ် က လူငယ်များအနေဖြင့် လူမှုဆက်ဆံရေး နယ်ပယ်တွင် တစ်ဖက်လူ၏ပြောဆိုမှုကို နားထောင်တတ်ရန်လိုအပ်ကြောင်း၊  မိမိပြောစရာရှိသည့်အခါတွင် တခြားသူများကိုပြောဆိုလိုက်သကဲ့သို့ တခြားသူများပြောဆိုသည့်အခါတွင်လည်း မိမိမှစိတ်ရှည်ရှည်ဖြင့်နား ထောင်ပေးရမည်ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် လူငယ်များသည် နားထောင်မှုအနုပညာကို သိရှိထားရန်လို အပ်ပြီး နားထောင်မှုစွမ်းရည်မှာလည်း အလွန်အရေးကြီးပါကြောင်းနှင့် လူငယ်များနားထောင်မှုစွမ်းရည် တိုးတက်ထက်မြက်စေရန် အတွက် လိုက်နာရမည့်အချက်များကို  အကျယ်တဝင့်ဆွေးနွေးပြောကြားသည်။ ထို့နောက် ဦးစီးအရာရှိ ဦးသိန်းထွန်းအောင် က လူငယ်များအနေဖြင့် တစ်ဖက်လူ၏ပြောဆိုမှုအား စိတ်ဝင် စားမှုပြသရန်နှင့် အာရုံစိုက်နားထောင်ရန်လိုအပ်ပါကြောင်း၊ ယခုလိုနားထောင်ခြင်းသည် ထိုသူပြောဆိုသည့် အကြောင်းအရာများ၊ ထင်မြင်ယူဆချက်များ၊ အိုင်ဒီယာစိတ်ကူးများကို သိရှိနားလည်မည်ဖြစ်ကာ စိတ်အား ထက်သန်မှုအပြည့်ဖြင့် နားထောင်ခြင်းပြုရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားကြောင်း သိရ သည်။ 


တင်ထွန်းဦး၊ ဖြိုးဝေလင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)