ရုရှားသဘာဝမြေဩဇာအသုံးပြု၍ ဆင်းသုခမိုးစပါး ရက်(၁၂၀) တစ်ဧကစမ်းသပ်စံပြကွက် ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားသဘာဝမြေဩဇာအသုံးပြု၍ ဆင်းသုခမိုးစပါး ရက်(၁၂၀) တစ်ဧကစမ်းသပ်စံပြကွက် ရိတ်သိမ်း


 နေပြည်တော် နိုဝင်ဘာ ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော နေပြည်တော် လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာရှိ ရုရှားသဘာဝမြေဩဇာအသုံးပြု စမ်းသပ်စိုက်ပျိုးထားသော တောင်သူဒေါ်သက်၏ ဆင်းသုခမိုးစပါးရက် (၁၂၀) တစ်ဧက စမ်းသပ်စံပြကွက် ရိတ်သိမ်းနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ယာယီရှင်းလင်းဆောင်၌ သမဝါယမအသင်းသား တောင်သူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ရုရှားသဘာဝမြေဩဇာ အားဖြည့်ဆေးရည် အသုံးပြုခြင်းအားဖြင့် တစ်လီတာကို စိုက်ပျိုးမြေဧက ခြောက်ဧကအထိ အသုံးပြုနိုင်မည်ဖြစ်ပြီး ကုန်ကျစရိတ်အနေဖြင့် မြန်မာကျပ်ငွေ ၉၀၀၀ ခန့်သာ ကျသင့်မည်ဖြစ်ကြောင်း၊ တစ်ဧကအတွက် ဆေးရည် ၁၈၀ မီလီလီတာ အသုံးပြုပါက ကုန်ကျစရိတ်အနေဖြင့် မြန်မာကျပ်ငွေ ၃၀၀၀ ခန့်သာကျသင့်မည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာ အားဖြည့်ဆေးရည်အသုံးပြုခြင်း အားဖြင့် ပုလဲဓာတ်မြေဩဇာအသုံးပြုမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချအသုံးပြုနိုင်မည်ဖြစ်သည့်အတွက် ကုန်ကျစရိတ်များ သက်သာသွားမည့်အပြင် မြေဆီလွှာပျက်စီးမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အထွက်တိုးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝမြေဩဇာအားဖြည့်ဆေးရည်များ လုံလောက်စွာရရှိရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့နှင့် ပူးပေါင်း၍ သဘာဝမြေဩဇာစက်ရုံတည် ဆောက်ရေးလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းသားတောင်သူများအနေဖြင့် သဘာဝမြေဩဇာဆေးရည်များ အသုံးပြုမည်ဆိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့နှင့် ချိတ်ဆက်၍ စနစ်တကျ စမ်းသပ်အသုံးပြု ဆောင်ရွက်သွားနိုင်ကြောင်း ရှင်းလင်းပြောကြားကာ ကျေးရွာတောင်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ် ရေအိုးစင်ကျေးရွာ၌ ရုရှား သဘာဝမြေဩဇာ အသုံးပြု၍ စမ်းသပ်စိုက်ပျိုးထားသည့် တောင်သူဒေါ်သက်၏ ဆင်းသုခမိုးစပါးရက် (၁၂၀) တစ်ဧကစမ်းသပ်စံပြကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)