ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် IAEA Board of Governors အစည်းအဝေးတွင် ပါဝင်ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် IAEA Board of Governors အစည်းအဝေးတွင် ပါဝင်ဆွေးနွေး





MNP ၊ နိုဝင်ဘာ ၂၃

အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (International Atomic Energy Agency-IAEA) ၏ အုပ်ချုပ်မှုအဖွဲ့ (Board of Governors) အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ Vienna International Centre တွင် ၂၂-၁၁-၂၀၂၃ ရက်မှ ၂၄-၁၁-၂၀၂၃ ရက်အထိ ကျင်းပလျက်ရှိရာ၊  ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ ပထမအတွင်းဝန် ဒေါ်မြတ်မဉ္ဇူပြုံးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေး၏ နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ခေါင်းစဉ်အောက်၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ပါဝင်ဆွေးနွေးရာတွင် IAEA ၏ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချမှုနှင့် နျူကလီးယားနည်းပညာကို တာဝန်ယူမှု၊ ဘေးကင်းမှု၊ လုံခြုံမှုနှင့် ရေရှည် တည်တံ့သောနည်းလမ်းများဖြင့် လွှဲပြောင်းမှုမြှင့်တင်ဆောင်ရွက်ရာ၌ ယင်း၏နည်းပညာပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များကို မြန်မာနိုင်ငံအနေဖြင့် များစွာအလေးထားပါကြောင်း၊ IAEA အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ အပါအဝင် နည်းပညာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ နည်းပညာနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် IAEA ၏ ကင်ဆာကုထုံးဆိုင်ရာ Rays of Hope၊ စွန့်ပစ်ပလပ်စတစ်များ ဆိုင်ရာ NUTEC Plastics၊ တိရစ္ဆာန်မှလူသို့ ကူးစက်မှုရောဂါဆိုင်ရာ ZODIAC ခေါ် ‌ဦးစားပေးစီမံကိန်းများနှင့် FAO နှင့်ပူးပေါင်းဆောင်ရွက်နေသော စားနပ်ရိက္ခာ ဖူလုံရေးဆိုင်ရာ Atoms4Food စီမံကိန်းသစ်တို့ကိုလည်း ထောက်ခံပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)