KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ အပြစ်မဲ့ ပြည်သူ ၂ ဦး ကို ပစ်ခတ် သတ်ဖြတ်မှု ကျူးလွန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ အပြစ်မဲ့ ပြည်သူ ၂ ဦး ကို ပစ်ခတ် သတ်ဖြတ်မှု ကျူးလွန်




MNP ၊ နိုဝင်ဘာ ၂၂ 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့ရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် မိုးမင်းဇော်(ခ)စစ်ကိုင်း (မိုးညှင်းမြို့နေသူ)နှင့် အခြားအမျိုးသားတစ်ဦးတို့မှာ ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း KIA/PDF အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် မိုးညှင်းမြို့တွင် နေထိုင်သည့် ဦးဇော်နိုင်ဦး ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ချိုနိုင်ထွေး(ခ)ကိုမောင်လေး မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ကချင်ပြည်နယ်အတွင်း KIA/PDF အကြမ်းဖက်အဖွဲhများသည် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ မကြာခဏ လုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက် ရှိသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)