KNPP/PDF အကြမ်းဖက်အုပ်စုရဲ့ အကြံကုန် ဂဠုန် ဆားချက် လုပ်ကွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNPP/PDF အကြမ်းဖက်အုပ်စုရဲ့ အကြံကုန် ဂဠုန် ဆားချက် လုပ်ကွက်


KNPP/PDF အကြမ်းဖက်သမားများဟာ ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ လွိုင်ကော်တက္ကသိုလ်ကို ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ခဲ့တယ်။ ဒီလို လုပ်ဆောင်ခြင်းဟာလည်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အုပ်စုရဲ့ ပယောဂ မကင်းပါဘူး။ NUG အကြမ်းဖက်အုပ်စုဟာ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လုပ်ဆောင်ရာမှာ ပညာရေးကိုလည်း ပစ်မှတ်ထား ဖျက်ဆီးခဲ့ပါတယ်။

မျိုးဆက်သစ် လူငယ်တွေရဲ့ ပညာသင်ကြားရေးကို နစကအစိုးရအနေနဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က စပြီး ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့စဉ်ကတည်းက ပြည်ပြေး ဝရမ်းပြေးများထဲက မျိုးရန်နောင်းသိန်း၊ ပန်ဆယ်လို တို့က ကျောင်းသားမိဘတွေ၊ ကျောင်းတက်ကြမယ့် လူငယ်လူရွယ်တွေကိုပါ လူမှုကွန်ရက်စာမျက်နှာတွေပေါ်ကနေ ခြိမ်းခြောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လှုံ့ဆော်မှုနဲ့အတူ ပြည်တွင်းမှာ ရှိတဲ့ နီပိန်း ပဒက်တွေကလည်း စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ဆရာ/ ဆရာမ၊ ပညာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့ကြပါတယ်။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အုပ်စုရဲ့ သြဇာခံ အကြမ်းဖက်သမားများဟာ ဘိန်းစားအကြမ်းဖက်သမားများအဖြစ် ရက်စက်ယုတ်မာမှုတွေ အလွန်အကြူး လုပ်ဆောင်နေတဲ့ ကာလမှာ ဆင်ခြင်တုံတရားဆိုတာ မရှိတော့ပါဘူး။ 

လွိုင်ကော်တက္ကသိုလ် ကို ဝင်ရောက်စီးနင်းခဲ့တယ်ဆိုတာကလည်း ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အုပ်စုဟာ ဘယ်လိုအကြမ်းဖက်လုပ်ရပ်မျိုးကိုမဆို အားပေးအားမြှောက်လုပ်နေတာ ဖြစ်တဲ့အတွက် အလွယ်တကူ ဝင်ရောက်လို့ ရတဲ့နေရာကို ဝင်စီးပြီး အောင်ပွဲခံလိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ လွိုင်ကော်တက္ကသိုလ်ကို ကာကွယ်မှုပေးရမယ့် ကယားပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်မဲ့မှုက တစ်ပိုင်းဖြစ်သလို KNPP/PDF ရဲ့ ရက်စက်ယုတ်မာမှုကိုတော့ တခြားသောအဖွဲ့အစည်းတွေအပေါ် ပြစ်တင်ပုံချလို့ မရပါဘူး။ ကိုယ့်လုပ်ရပ်ကိုယ်  တာဝန်ယူရမှာပဲ ဖြစ်တယ်။ လွိုင်ကော်တက္ကသိုလ်ကို ဝင်စီးတဲ့ KNPP/PDF များက ပါမောက္ခတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး အောင်ပွဲခံပြတဲ့ ပုံရိပ်ဟာ မြင်တွေ့ခဲ့ရသမျှ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာမှုတွေထဲမှာ အဆိုးဆုံးတွေထဲက တစ်ခု ဖြစ်ခဲ့ပါတယ်။

လွိုင်ကော်တက္ကသိုလ်ဖြစ်စဉ်ကို ပြပြီး KNPP/PDF အကြမ်းဖက်သမားများက ပြည်ပြေး ဝရမ်းပြေးများထံက ငွေခြူဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ဟန်တူပါတယ်။ သို့ပေသော် ဖော်ရှိုးပြလို့ ကောင်းတဲ့ကိစ္စမျိုး မဟုတ်ဘူး။ တက္ကသိုလ်က ပါမောက္ခတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ပြီး ဆရာ/ဆရာမ၊ ဝန်ထမ်း အမြောက်အများကို ဖမ်းဆီးတဲ့ ဖြစ်စဉ်အပေါ် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့တွေအနေနဲ့ ဂုဏ်ဆာပြလိုက်ရင် NUG အဖွဲ့ဝင်တွေပါ နိုင်ငံတကာ ရာဇဝတ်တရားရုံးကို တက်ရမှာ ဖြစ်ပါတယ်။

KNPP/PDF အကြမ်းဖက်အုပ်စုတွေရဲ့ လုပ်ရပ်ဟာ လက်လွန်ခြေလွန် ဖြစ်သွားတဲ့အချိန်မှာ ပြည်ဖျက်မီဒီယာများက ပြန်ပေးဆွဲတဲ့ ပုံစံမျိုး ပုံဖော်ရေးသားတာမျိုး မလုပ်ကြတော့ဘဲ အကြမ်းဖက်သမားများက ဘေးလွတ်ရာရွှေ့ပြောင်းပေးတဲ့ ပုံစံမျိုး ရေးသားလာကြပြန်ပါတယ်။ 

လွိုင်ကော်တက္ကသိုလ်က ဆရာ/ဆရာမ၊ ဝန်ထမ်းများ တစ်စုံတစ်ရာဖြစ်ခဲ့ပါက ဖမ်းဆီးထားတဲ့ အဖွဲ့တွေအနေနဲ့ တာဝန်ခံရမှာ ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြောဆိုလာပါတယ်။

လွိုင်ကော်တက္ကသိုလ်ကို ဝင်စီးတဲ့ KNPP/PDF အကြမ်းဖက်သမားတွေအနေနဲ့ မျက်နှာမရ ခြေထောက်ရဖြစ်ခဲ့ရပြီး ပြည်ပြေး ဝရမ်းပြေးများထံက ငွေခြူဖို့လည်း မလွယ်၊ ဆရာ/ဆရာမများကို ဓားစာခံလုပ်ပြီး ငွေညှစ်ဖို့ကလည်း မလွယ်ကူတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ အကြံကုန် ဂဠုန်ဆားချက် ဆိုသလို သူတို့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာ/ဆရာမ၊ ဝန်ထမ်းတွေကို အစိုးရနဲ့ မပတ်သက်ဖို့ ခံဝန်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်အဖွဲ့တွေ ထိုးခိုင်းတဲ့ ခံဝန်ဟာ ဘယ်နေရာမှာ တရားဝင်လဲ၊ သိရင်လည်း ပြောခဲ့ကြပါအုံး။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)