KNU အဖွဲ့မှအကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ပြည်သူများနေထိုင်ရာရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KNU အဖွဲ့မှအကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ပြည်သူများနေထိုင်ရာရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိ


MNP ၊ နိုဝင်ဘာ ၂၄

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ်မဟုတ် သည့် အပြစ်မဲ့အရပ်သားပြည်သူများသွားလာရာ လမ်းတံတားများ၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် လျက်ရှိပါသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဗုံးသီးစထိမှန်ဒဏ်ရာရရှိထားသည့် အမျိုးသားသုံးဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ကော့ကရိတ်မြို့ ဝင်းကြီးအမှတ်(၂)ရပ်ကွက်နေသူများဖြစ်သည့် ဦးထွန်းရင် (၇၇)နှစ်တွင် ဝဲပါးမှ ဦးခေါင်းအတွင်း ဗုံးသီးစဖောက်ဝင်ဒဏ်ရာ တစ်ချက်ဖြင့်လည်းကောင်း၊ မောင်မင်းခန့်ကျော် (၁၇)နှစ် တွင် ရင်ဘတ်ဗုံးသီးစဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့်လည်းကောင်း သေဆုံးနေပြီး ကိုခန့်မိုးဦး (၂၃)နှစ်တွင် ယာပေါင်ဗုံးသီးစထိမှန်ဒဏ်ရာ တစ်ချက်ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းတို့သုံးဦးသည် နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲတွင် နေအိမ်၌ရှိနေစဉ် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့သည့် လက်နက်ကြီးဗုံးသီးတစ်လုံး ဦးထွန်းရင်၏နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်အမိုးများ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်အတွင်းရှိနေသည့် ဦးထွန်းရင်ပါသုံးဦးတွင် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)