မူဆယ်မြို့နယ်၊ ကောင်းခန်ကျေးရွာအနီး ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းကို MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb များ ကျဲချတိုက်ခိုက်ခြင်းဖြစ်ပြီး ကားအစီး ၁၂၀ ကျော် ပျက်စီးဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့နယ်၊ ကောင်းခန်ကျေးရွာအနီး ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းကို MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb များ ကျဲချတိုက်ခိုက်ခြင်းဖြစ်ပြီး ကားအစီး ၁၂၀ ကျော် ပျက်စီးဆုံးရှုံး







MNP ၊ နိုဝင်ဘာ ၂၃

မူဆယ်မြို့နယ်၊ ကောင်းခန်ကျေးရွာအနီး ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းကို MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့က Drone ဖြင့် Drop Bomb များ ကျဲချတိုက်ခိုက်ခြင်းဖြစ်ပြီး ကားအစီး ၁၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်သား၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက သွားရောက်ငြိမ်းသတ်ပေးခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်၊ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က ရှင်းလင်းပြောဆိုထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒီနေ့မှာတော့ မနက် ( ၀၉ ၄၅)မိနစ်လောက်မှာ မူဆယ်မြို့နယ်၊ ကောင်းခန်ကျေးရွာအနီးမှာ ရှိတဲ့ ကုန်တင်/ကုန်ချ ကားကြီးဝင်းကို MNDAA နဲ့ TNLA ပူးပေါင်းအဖွဲ့က ကောင်းခန်ရွာရဲ့ တောင်ဘက်ကနေ Drone များနဲ့ ကားတွေေပေါ် Drop Bomb များ ကျဲချခဲ့တာ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်တို့ တရုတ်နိုင်ငံဘက်ကနေ မြန်မာနိုင်ငံဘက်ကို Export တင်သွင်းလာတဲ့ ကား ၂၅၈စီး ရှိပါတယ်။ အဓိက ကတော့ လူသုံးကုန်ပစ္စည်းတွေ၊ ဆေးဝါးပစ္စည်းတွေ၊ အဝတ်အထည်တွေ၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ တင်ထားတဲ့ ကားတွေ ဖြစ်ပါတယ်။ ဒီကားတွေဟာ လမ်းမှာ မူဆယ် - မန္တလေး လမ်းမကြီး တလျှောက်မှာ MNDAA နဲ့ TNLA က ကားလမ်းတွေ ဖျက်ဆီးပြီး တံတားများချိုးထားတဲ့အတွက် ဒီနေရာမှာ ရပ်တန့်နေရတဲ့ ကားတွေ ဖြစ်ပါတယ်။ အဲဒီ ကား ၂၅၈စီး ထဲက အစီး ၁၂၀ လောက် မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ မူဆယ်မှာ ရှိတဲ့ မီးသတ်တပ်ဖွဲ့က မီးသတ်ကား (၄)စီး နဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း ပြီးတော့ မီးငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်လွယ်တဲ့ ပစ္စည်းတွေဖြစ်တဲ့အတွက်ကြောင့် မီးအရှိန် ပြင်းပါတယ်။ ညနေပိုင်း (၄ ၀၀)နာရီလောက်မှ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ကားအစီး ၁၂၀ လောက် မီးလောင် ပျက်စီးခဲ့ရပါတယ်။" ဟု ပြောသည်။

MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့၏ လုပ်ရပ်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒါနဲ့ ပတ်သက်ပြီး ဒီနေရာသည် စစ်ရေးနဲ့ ဆိုင်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ပြည်သူလူထုနဲ့ ဆိုင်တဲ့ နေရာပဲ ဖြစ်ပါတယ်။ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကအချက်အခြာကျတဲ့ နေရာဖြစ်ပါတယ်။ ပြီးရင် တရုတ်နိုင်ငံဘက်ကနေ တင်သွင်းလာတဲ့ မြန်မာနိုင်ငံအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လူသုံးကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒါတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာခြင်းသည် ပြည်သူလူထုကို တိုက်ရိုက် ထိပါး စော်ကားတာ ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ စီးပွားရေးကို တိုက်ရိုက် ထိပါးစော်ကားတာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။" ဟု ဖြည့်စွက် ပြောကြားထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ဖျက်မီဒီယာများတွင် တပ်မတော်က ပစ်ခတ်သယောင် လုပ်ကြံဖန်တီး ရေးသားဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)