MNDAA ၊ TNLA အဖွဲ့ PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန်ကားဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

MNDAA ၊ TNLA အဖွဲ့ PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများက မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့အတွင်းရှိ ဆဲဗင်းဟွာကျင့်ကုမ္ပဏီ သွင်းကုန်ကားဝန်းအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် မော်တော်ယာဉ်များ မီးလောင်ပျက်စီး







MNP ၊ နိုဝင်ဘာ ၂၃

MNDAA၊ TNLA အဖွဲ့နှင့် PDF အမည်ခံ ပူးပေါင်းအကြမ်းဖက်သမားများ အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရန်နှင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊မြို့၊ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိ သည်။


ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင်လည်း MNDAA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်း အကြမ်းဖက်သမားများသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံခြုံရေး ဆောင်ရွက်ထားမှုမရှိသည့် စစ်ရေးပစ်မှတ်မဟုတ်သော မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ဂိတ် ကျင်စန်းကျော့ အတွင်းရှိ ဆဲဗင်းဟွာကျင့် ကုမ္ပဏီ သွင်းကုန် ကားဝင်းအတွင်းသို့ Drone ယာဉ်များဖြင့် Drop Bomb များပစ်ချ တိုက်ခိုက်ခဲ့ရာ ကားဝင်းအတွင်း ရပ်နားထားသည့် မော်တော်ယာဉ်များပေါ်သို့ ဗုံးသီး များ ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးမှတစ်စီး ဆက်လက် လောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ရသည်။


ထိုကဲ့သို့ မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်များ အသုံးပြုကာ မီးငြှိမ်းသတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး အနီးဝန်းကျင်ရှိ လုံခြုံ ရေးတပ်ဖွဲ့ဝင်များမှလည်း အလျင်အမြန် သွားရောက်ပူးပေါင်းကာ မီးငြှိမ်းသတ်ခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။


MNDAA ၊ TNLA အဖွဲ့နှင့် PDF အမည်ခံပူးပေါင်းအကြမ်းဖက်သမားများ၏ ယခု အကြမ်းဖက်လုပ်ရပ်ကြောင့် ကားဝင်းအတွင်း ရပ်နားထားသည့် သွင်းကုန်မော်တော် ယာဉ် ၂၅၈ စီးရှိသည့်အနက် အိမ်သုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ် အထည်နှင့် အိမ်ဆောက်ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၁၂၀ စီးခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ များစွာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခဲ့ရကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဒေသတည်ငြိမ် အေးချမ်းရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး ကို ပြည်သူလူထုနှင့် ပူးပေါင်း၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)