ရှမ်းပြည်နယ် အရှေ့မြောက်ဘက် ထိတွေ့မှုဖြစ်စဉ်များတွင် MNDAA, TNLA အကျအဆုံးများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် အရှေ့မြောက်ဘက် ထိတွေ့မှုဖြစ်စဉ်များတွင် MNDAA, TNLA အကျအဆုံးများ


MNP ၊ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ် အရှေ့မြောက်ဘက် ထိတွေ့မှုဖြစ်စဉ်များတွင် MNDAA, TNLA အကျအဆုံးများနေပြီး တပ်မတော်က ဓာတုဗုံးသုံးစွဲနေဟု စွပ်စွဲပြောဆိုမှုများရှိနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိတွေ့မှုဖြစ်ဉ်များ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောဆိုထားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ နမ့်စလပ်မှာထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားတာ ရှိပါတယ်။ မိုင်းကျက်မှာတော့ စခန်းနေရာကို နေရာရွှေ့ပြောင်းခဲ့တာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးလည်း နမ့်စလပ်နဲ့ မိုင်းကျက်မှာ MNDAA, TNLA အဖွဲ့က အကျအဆုံးများစွာ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနေ့မှာ ဓာတုဗုံးတွေ သုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး ထွက်ပေါ်လာတာ ရှိပါတယ်။ သူတို့အနေနဲ့ သူတို့အထိနာပြီဆိုရင် ဒီလိုမျိုး ပြောဆိုချက်မျိုး စွပ်စွဲချက်မျိုး အမြဲတမ်းရှိနေတာပဲ ဖြစ်ပါတယ်။" ဟု ပြောဆိုထားသည်။

တပ်မတော်က နေရာရွှေ့ပြောင်းခဲ့သော မိုင်းကျက်စခန်းနှင့် ပတ်သက်၍ မဟာမိတ်(၃)ဖွဲ့အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ၏ လူမှုကွန်ရက်စာမျက်နှာများတွင် "တပ်မဟာ (၆) စစ်ဒေသ၊ လားရှိးမြိုနယ် စစ်ကောင်စီမိုင်းကျက် တပ်စခန်းကို အောက်တိုဘာ ၂၇ ရက်နေ့မှ တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ နိုဝင်ဘာ ၂၃ရက်နေ့ ည (၁၂:၀၅) နာရီ အချိန်တွင် ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။" ဟု ထုတ်ပြန်ရေးသားမှုများ ပြုလုပ်လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)